အီရန် ဆိုက်ဘာတိုက်ခိုက်မှုခံခဲ့ရသော ထရမ့်၏ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု စွပ်စွဲချက်များကို အက်ဖ်ဘီဘိုင် စုံစမ်းစစ်ဆေး

 

ဝါရှင်တန် သြဂုတ်  ၁၃
အီရန်ဆိုက်ဘာ      တိုက်ခိုက်မှု ခံနေရသော   ဒေါ်နယ်ထရမ့်၏ သမ္မတရွေးကောက်ပွဲ       မဲဆွယ် စည်းရုံးမှုနှင့်        ပတ်သက်သည့် စွပ်စွဲချက်များကို    အက်ဖ်ဘီအိုင် က  စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု အမေရိကန် သတင်းစာတစ်စောင် တွင် ဖော်ပြလိုက်သည်။
အက်ဖ်ဘီဘိုင်သည်   စုံစမ်း စစ်ဆေးမှုကို အတည်ပြုခဲ့ကြောင်း တနင်္လာနေ့တွင် သည်ဝါရှင်တန် ပို့စ်   သတင်းစာတွင်  ရေးသား ဖော်ပြခဲ့သည်။ ထို့အတူစာမျက်နှာ ၂၇၁ မျက်နှာပါသော   ထရမ့်၏ ရွေးကောက်ပွဲဝင်ဖက် ဂျေဒီဗန့်၏ စာရွက်စာတမ်းများလည်း ပေါက် ကြားခဲ့ကြောင်း        လွန်ခဲ့သည့် သီတင်းပတ်ကုန်က     သည်ဝါရှင် တန်ပို့စ်က ဖော်ပြခဲ့သည်။
အီရန်သည် လူမှုအငြင်းပွားမှု ကို ဖြစ်စေရန်နှင့် အိမ်ဖြူတော်ကို ပြန်လည်ရရှိရန် ထရမ့်၏ ကြိုးပမ်း မှုကို ပျက်ပြားစေရန် လုပ်ဆောင်ခဲ့ သည်ဆိုသည့်  ထောက်လှမ်းရေး အရာရှိများ၏  ပြောကြားချက်ကို ကိုးကား၍ အဆိုပါသတင်းစာတွင် ဖော်ပြခဲ့သည်။
ဒီမိုကရက်တစ်ပါတီ   မဲဆွယ် စည်းရုံးမှုကို   ပစ်မှတ်ထားသည့် သံသယဖြစ်ဖွယ်         အီရန်၏ ဆိုက်ဘာ  ချိုးဖောက်တိုက်ခိုက်မှု ကိုလည်း အက်ဖ်ဘီအိုင်က စုံစမ်း စစ်ဆေးလျက်         ရှိသည်ဟု သည်ဝါရှင်တန်ပို့စ်      သတင်းစာ တွင် ဆက်လက်ဖော်ပြထားသည်။
ထရမ့်က ၎င်း၏  ဝက်ဘ်ဆိုက် များထဲမှ        ဝက်ဘ်ဆိုက်တစ်ခုကို အီရန်အစိုးရက      ချိုးဖောက် တိုက်ခိုက်ခဲ့ကြောင်း       မိုက်ခရို ဆော့ဖ်က ၎င်း၏မဲဆွယ်စည်းရုံး ရေးအဖွဲ့ကို အသိပေးခဲ့သည်ဟု ဆိုသည်။   ဗန့်၏  မဲဆွယ်စည်းရုံး ရေးဆိုင်ရာ စာရွက်စာတမ်းလည်း ဆိုက်ဘာ တိုက်ခိုက်မှုခံရကြောင်း ထရမ့်၏      မဲဆွယ်စည်းရုံးရေး အဖွဲ့က ပြောကြားခဲ့သည်။
အမေရိကန်ကို      အီရန် နျူကလီယား သဘောတူညီချက်မှ နုတ်ထွက်ရန်  ထရမ့် အမေရိကန် သမ္မတဖြစ်ခဲ့သည့်  ၂၀၁၈ ခုနှစ်က ဆုံးဖြတ်ချက်          ချခဲ့ပြီးနောက် အမေရိကန်နှင့်    အီရန်နိုင်ငံတို့ အကြား ရန်လိုမှုများ တိုးပွားလာခဲ့ သည်။              အင်န်အိတ်ချ်ကေ