အီရန်နိုင်ငံ၏ အရေးပါဆုံး ခေါင်းဆောင် ခါမေနီကို ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးပေး

 

တီဟီရန်   ဇွန်  ၂၆


အီရန်နိုင်ငံ၏ အရေးပါဆုံးခေါင်းဆောင်ဖြစ်သည့် အယာတိုလာအလီခါမေနီသည်   ပြည်တွင်းလုပ် ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံမှုခံယူပြီးပြီဟု သိရ သည်။ ဇွန် ၂၅ ရက်တွင် ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ သည်ဟု မီဒီယာများက ပြောသည်။ 


အဆိုပါကာကွယ်ဆေးမှာ ယခုလအတွင်းကမှ  အရေးပေါ် သုံးစွဲခွင့်အတွက် အတည်ပြုပေးထားသည့် ဆေးဖြစ်သည်။ နိုင်ငံခြားဖြစ်ကာကွယ်ဆေးကို ထိုးနှံ လိုခြင်းမရှိဟု ခါမေနီက ပြောကြားခဲ့သည်ဟု သိရ သည်။ 


တိုင်းပြည်အတွင်းရှိ လူငယ်သိပ္ပံပညာရှင်များကို ကျေးဇူးတင်ကြောင်းလည်း    ၎င်းက    ပြောကြား ခဲ့သည်။ 
ဇန်နဝါရီလအတွင်းက အမေရိကန်လုပ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ တင်သွင်းခြင်းကို ခါမေနီက ပိတ်ပင်ခဲ့သည်။   အဆိုပါ   ကာကွယ်ဆေးများမှာ မယုံကြည်ရဟု ၎င်းက ပြောကြားခဲ့သည်။ 


ဖေဖော်ဝါရီလမှစတင်ကာ     တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံထုတ်   ကာကွယ်ဆေးများကို အီရန်တွင်  စတင်ထိုးနှံပေးခဲ့သည်။ အီရန်နိုင်ငံတွင် နေ့စဉ် ကိုဗစ်- ၁၉ ကူးစက်မှုမှာ ၁၀၀၀၀ ကျော် ရှိသည်။ ဇွန် ၂၅ ရက်အထိ လူပေါင်း ၄ ဒသမ ၅ သန်း သို့မဟုတ်  လူဦးရေစုစုပေါင်း   ငါးရာခိုင်နှုန်း    ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးပေးပြီးဖြစ်သည်။


အင်န်အိတ်ချ်ကေ