
တီဟီရန် ဒီဇင်ဘာ ၂၆
အီရန်နိုင်ငံသည် အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုများကို ကြိုတင်ကာကွယ်ရန်အတွက် အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်လျက်ရှိသည့် နယ်စပ် ဒေသများအား ပိတ်ထားရန် ဆုံးဖြတ်ခဲ့ကြောင်း ဒီဇင်ဘာ ၂၅ ရက်တွင် ကြေညာခဲ့သည်။
ပြောကြား
အီရန်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တူရကီ၊ အီရတ်၊ အာဖဂန်နစ္စတန်၊ အဇာဘိုင်ဂျန်၊ ပါကစ္စတန်နှင့် အာမေးနီးယားနိုင်ငံတို့နှင့် နယ်မြေချင်း ထိစပ်လျက်ရှိသည့် နယ်စပ်ဒေသများအား ဒီဇင်ဘာ ၂၅ ရက်မှစတင်ကာ လဝက်ကြာကာလအထိ ပိတ်ထားမည်ဖြစ်ကြောင်း အီရန်အကောက်ခွန် ဝန်ကြီးဌာနက ပြောကြားသည်။
အီရန်နိုင်ငံ၌ အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုကို ဒီဇင်ဘာ ၁၉ ရက်တွင် စတင်တွေ့ရှိခဲ့ပြီး ၎င်းဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူသည် အာရပ် စော်ဘွားများပြည်ထောင်စုမှ ပြန်လည်ရောက်ရှိ လာသူဖြစ်ကြောင်းနှင့် လက်ရှိတွင် နိုင်ငံတစ်ဝန်း၌ အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုအပြင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများလည်း မြင့်တက် လျက်ရှိကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်