
တီဟီရန် အောက်တိုဘာ ၁၀
အီရန်နိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၁၂၅၆ ဦးအား ထပ်မံတွေ့ရှိခဲ့ရာ ဗိုင်းရပ်စ်ကူးစက် ခံရသူပေါင်း ၅၇၀၂၈၉၀ ရှိလာသည်။
အလားတူ လွန်ခဲ့သော ၂၄ နာရီ အတွင်း ၂၂၂ ဦး ထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၁၂၂၅၉၂ ဦးရှိလာကြောင်း အီရန် ကျန်းမာရေးနှင့် ဆေးပညာဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။
သို့သော် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၅၂၁၇၉၉၉ ဦးရှိသည်။
လူနာ ၅၃၀၄ ဦး သည် အထူးကြပ်မတ် ကုသဆောင်များတွင် ကျန်းမာရေး စောင့်ရှောက်မှုခံယူလျက်ရှိသည်။
လက်ရှိအချိန်အထိ ပြည်သူ ၄၅၀၇၅၅၁၃ ဦးသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံမှုခံယူပြီး ဖြစ်ပြီး ပြည်သူ ၁၉၃၂၆၄၃၂ ဦးသည် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီး ဖြစ်သည်။
နိုင်ငံတစ်ဝန်း၌ ပြည်သူ ၃၃၂၄၆၄၄၇ ဦးအား ရောဂါရှိ၊ မရှိ စစ်ဆေးမှုများပြုလုပ် ပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်