အီရန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၅ ဒသမ ၅၅ သန်းကျော်ရှိလာ

တီဟီရန်    စက်တင်ဘာ   ၂၉


အီရန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ   ၁၁၇၀၁  ဦးရှိခြင်းကြောင့်   နိုင်ငံတစ်ဝန်းတွင်  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၅၅၅၉၆၉၁ ဦး ရှိလာကြောင်း အီရန်ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ  ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။


ထို့ပြင် အီရန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူ ၂၃၉ ဦးရှိခြင်းကြောင့် လက်ရှိတွင်  ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၁၁၉၈၈၈ ဦး ရှိလာကြောင်း သိရသည်။
အီရန်နိုင်ငံ     ကျန်းမာရေးဝန်ကြီးဌာန၏   တရားဝင် ဝက်ဘ်ဆိုက်မှ ဖော်ပြချက်အရ အီရန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ  ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ စုစုပေါင်း ၄၉၈၈၁၀၉ ဦးရှိလာကြောင်းနှင့်   အထူးကြပ်မတ် ကုသဆောင်များ၌   ဆေးဝါးကုသမှုခံယူလျက်ရှိသူ   စုစုပေါင်း ၆၁၂၄ ဦးရှိကြောင်း သိရသည်။


အီရန်နိုင်ငံ၌ စက်တင်ဘာ ၂၈ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသူစုစုပေါင်း ၃၆၉၀၈၁၉၁ ဦး ရှိကြောင်းနှင့်   ကိုဗစ်-၁၉  ရောဂါ  ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူ စုစုပေါင်း ၁၅၈၂၄၅၂၀ ရှိကြောင်း သိရသည်။ 


အီရန်နိုင်ငံသည်   လက်ရှိတွင်   ဒယ်လ်တာဗီဇပြောင်း    ဗိုင်းရပ်စ်ကူးစက်မှုများနှင့်လည်း       ရင်ဆိုင်နေရကြောင်း သိရသည်။              

 

 ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်