
တီဟီရန် အောက်တိုဘာ ၂၆
အီရန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ ၇၅၁၆ ဦး ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကူးစက် ခံရသူစုစုပေါင်း ၅၈၆၈၃၆၀ ရှိလာကြောင်း အီရန်ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။
ထို့ပြင် အီရန်နိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသူ ၁၄၀ ရှိခြင်းကြောင့် လက်ရှိတွင် သေဆုံးသူစုစုပေါင်း ၁၂၅၃၆၃ ဦး ရှိလာကြောင်း သိရသည်။
အီရန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ ပြောကြားချက်အရ အီရန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာ သဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ စုစုပေါင်း ၅၄၂၉၉၈၂ ရှိလာကြောင်းနှင့် အထူးကြပ်မတ် ကုသဆောင်များ၌ ဆေးဝါးကုသမှုခံယူလျက်ရှိသူစုစုပေါင်း ၄၂၅၆ ဦးရှိကြောင်း သိရသည်။
အီရန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးသူ စုစုပေါင်း ၅၁၁၅၈၈၅၈ ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူ စုစုပေါင်း ၃၀၁၃၉၄၀၀ ရှိ ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်