အီရန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် ၆၈၄ ဦး ထပ်မံသေဆုံး

တီဟီရန်   သြဂုတ်   ၂၂ 


အီရန်နိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ၆၈၄ ဦး ထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၁၀၂၀၃၈ ဦးရှိလာသည်။ 


အဆိုပါ  သေဆုံးမှုအရေအတွက်သည် နေ့စဉ် သေဆုံးမှုအရေအတွက် စံချိန်တင်ခဲ့ကြောင်း သိရသည်။ 


ထို့ပြင် လွန်ခဲ့သော ၂၄ နာရီအတွင်း ဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၆၄၁၉ ဦးထပ်မံစစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၄၆၇၇၁၁၄ ဦးရှိလာကြောင်း အီရန်ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန် ချက်အရ သိရသည်။ 


သို့သော် ရောဂါမှ ပြန်လည်ကျန်းမာလာသည့် အတွက် ဆေးရုံများမှပြန်လည်ဆင်းသွားသူပေါင်း ၃၉၃၂၄၇၂ ဦးရှိကြောင်း သိရသည်။ 


လက်ရှိအချိန်တွင် လူနာ ၇၆၆၂ ဦးသည် အထူး ကြပ်မတ်ကုသဆောင်များတွင်  ဆေးကုသမှုခံယူ လျက်ရှိသည်။ 


သြဂုတ် ၂၂ ရက်အထိ ပြည်သူ ၁၆၇၁၇၆၈၁ ဦး သည် ကာကွယ်ဆေးပထမအကြိမ် ထိုးနှံမှုခံယူပြီး ဖြစ်ကြောင်းနှင့် ပြည်သူ ၅၈၃၀၆၅၀ သည် ကာကွယ် ဆေး  နှစ်ကြိမ်စလုံး  ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။ 


လက်ရှိအချိန်အထိ  နိုင်ငံတစ်ဝန်း၌ ပြည်သူ ၂၇၈၅၅၄၇၀ အား ရောဂါ ရှိ၊ မရှိ စစ်ဆေးမှုများ ပြုလုပ်ပြီးစီးကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်