
တီဟီရန် ဒီဇင်ဘာ ၂၈
အီရန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၉၆၇ ဦး ထပ်မံတွေ့ရှိခြင်း ကြောင့် အဆိုပါရောဂါကူးစက်ခံရသူပေါင်း ၆၁၈၆၇၂၉ ဦးရှိလာကြောင်း အီရန်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ထို့ပြင် အီရန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃၄ ဦး ထပ်မံတွေ့ရှိသဖြင့် အဆိုပါရောဂါ ဖြင့် သေဆုံးသူပေါင်း ၁၃၁၄၃၄ ဦးရှိလာသည်။ အီရန် နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာ သဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရသူ စုစုပေါင်း ၆၀၂၈၄၉၅ ဦးရှိကြောင်းနှင့် အထူးကြပ်မတ်ကုသ ဆောင်များ၌ ဆေးဝါးကုသမှုခံယူလျက်ရှိသူ ၂၇၆၆ ဦးရှိကြောင်း သိရသည်။
လက်ရှိတွင် အီရန်နိုင်ငံသား ၅၉၄၁၈၅၇၁ ဦး သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်ကြိမ်ထိုးနှံမှုခံယူပြီးဖြစ်ကြောင်းနှင့် ၅၀၉၈၅၃၉၇ ဦးသည် ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် အီရန်နိုင်ငံရှိ လူဦးရေ ၅၉၅၉၂၇၇၀ သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယ အကြိမ်အပိုဆောင်း ထိုးနှံမှုခံယူပြီးဖြစ်ကြောင်းနှင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားချိန်မှ စတင်ကာ လက်ရှိအချိန်အထိ လူဦးရေ ၅၁၄၀၂၈၅၈ ဦးအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်း ရှိ၊ မရှိ စမ်းသပ်စစ်ဆေးပြီးဖြစ်ကြောင်း သိရသည်။
အီရန်နိုင်ငံ၌ လူဦးရေစုစုပေါင်း ၄၁၅၉၂၉၈၄ ဦးအား ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရခြင်း ရှိ၊ မရှိ စမ်းသပ်စစ်ဆေးမှုများပြုလုပ်ထားပြီးဖြစ်ကြောင်းနှင့် ၆၃၄၄၇၉၆ ဦးသည် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး တတိယအကြိမ်အပိုဆောင်း ထိုးနှံမှုခံယူပြီးဖြစ် ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်