အီရန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု စံချိန်တင်ဖြစ်ပွား

တီဟီရန်   ဩဂုတ်  ၁၇


အီရန်နိုင်ငံ၌       လွန်ခဲ့သည့်တစ်ရက်အတွင်းက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၀၂၂၈ ဦးဖြင့် စံချိန် တင်ဖြစ်ပွားခဲ့ခြင်းကြောင့် နိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါ   ကူးစက်ခံရသူစုစုပေါင်း ၄၅၁၇၂၄၃ ဦး ရှိလာကြောင်း   အီရန်နိုင်ငံ၏   ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာပညာရေးဝန်ကြီးဌာနက  ယနေ့ တွင် သတင်းထုတ်ပြန်ခဲ့သည်။


အီရန်နိုင်ငံ၏ ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာန၏  ပြောကြားချက်အရ အီရန် နိုင်ငံ၌   လွန်ခဲ့သည့်တစ်ရက်အတွင်း  ကိုဗစ်-၁၉ ရောဂါကြောင့်  သေဆုံးသူ ၆၂၅ ဦးရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့်  သေဆုံးသူစုစုပေါင်း ၉၉၁၀၈ ဦးရှိလာကြောင်း သိရသည်။


ထို့ပြင် အီရန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ၅၁၆၃ ဦးရှိခြင်းကြောင့်   ကိုဗစ်-၁၉ ရောဂါမှ  ပြန်လည် ကျန်းမာလာသူစုစုပေါင်း  ၃၇၈၆၄၈၈  ဦးရှိလာ ကြောင်း အဆိုပါဝန်ကြီးဌာနက ပြောကြားသည်။


အီရန်နိုင်ငံ၌ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ်ထိုးနှံပြီးသူ ၁၅၇၆၆၅၆၄ ဦးရှိကြောင်းနှင့်  ကိုဗစ်-၁၉ ရောဂါ 
ကာကွယ်ဆေး နှစ်ကြိမ်စလုံးထိုးနှံပြီးသူ ၄၇၁၄၇၀၁ ဦးရှိကြောင်း သိရသည်။


ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်