
တီဟီရန် စက်တင်ဘာ ၁၅
အီရန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၂၃၂၉ ဦးရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၅၃၄၀၆၅၆ ဦးရှိလာကြောင်း အီရန်နိုင်ငံ ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ ပညာ ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် သည်။
အီရန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၄၀၈ ဦး ထပ်တိုးလာသဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၁၁၅၁၆၇ ဦး ရှိလာကြောင်း အဆိုပါ ဝန်ကြီးဌာနက ပြောကြားသည်။
ထို့ပြင် အီရန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူပေါင်း ၄၆၂၇၀၂၇ ဦးရှိကြောင်းနှင့် အထူး ကြပ်မတ်ကုသဆောင်များ၌ ဆေးဝါး ကုသမှုခံယူလျက်ရှိသူပေါင်း ၇၁၂၃ ဦး ရှိကြောင်း အီရန်နိုင်ငံ ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာန က ပြောကြားသည်။
အီရန်နိုင်ငံ၌ စက်တင်ဘာ ၁၄ ရက် အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးသူပေါင်း ၂၅၀၉၃၇၈၄ ဦးရှိကြောင်းနှင့် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူပေါင်း ၁၂၇၇၂၇၆၇ ဦးရှိကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်
n