အီရန်နိုင်ငံတွင် ခေါင်းဆောင် အစ္စမေးလ် ဟာနီယေး သတ်ဖြတ်ခံရကြောင်း ဟားမားစ်အဖွဲ့ပြော

 

တီဟီရန်   ဇူလိုင်  ၃၁


အီရန်နိုင်ငံ၏ မြို့တော် တီဟီရန်တွင် အစ္စရေး၏   တိုက်ခိုက်မှုကြောင့် ၎င်းတို့၏   နိုင်ငံရေးခေါင်းဆောင်   အစ္စမေးလ်ဟာနီယေး  သေဆုံးသွားကြောင်း ဟားမားစ်အဖွဲ့က ပြောသည်။


၎င်းသည်    ဗုဒ္ဓဟူးနေ့နံနက်ပိုင်းက   သေနတ်ဖြင့်  ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း  အီရန်တော်လှန်ရေး     အစောင့်တပ်၏ ပြောကြားချက်ကို အီရန်နိုင်ငံပိုင်ရုပ်မြင်သံကြားက ကိုးကားဖော်ပြထား သည်။ ဟားမားစ်တို့သည် ဂါဇာကမ်းမြောင်တွင် အစ္စရေးတပ်မတော်နှင့် အပြင်းအထန်တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။


ဟာနီယေးသည် ကာတာနိုင်ငံတွင် အခြေပြုနေထိုင်လျက်ရှိသော် လည်း အီရန်နိုင်ငံ၏ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက် ရန် အင်္ဂါနေ့တွင် တီဟီရန်သို့ ရောက်ရှိနေကြောင်း သိရသည်။     

 
အင်န်အိတ်ချ်ကေ