
တီဟီရန် အောက်တိုဘာ ၁၉
အီရန်နိုင်ငံတွင် အောက်တိုဘာ ၁၈ ရက်က ကိုဗစ် - ၁၉ နောက်ထပ် ကူးစက်ခံရသူ ၁၁၈၄၄ ဦး ထပ်မံတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း စုစုပေါင်း ကူးစက်ခံရသူ ၅၇၉၆၆၅၉ ဦးရှိလာသည်ဟု အီရန် ကျန်းမာရေး ဝန်ကြီးဌာနက အောက်တိုဘာ ၁၈ ရက်တွင် ပြောသည်။
သေဆုံးသူဦးရေမှာလည်း ၁၈၁ ဦး တိုးလာသည့်အတွက် တိုင်းပြည်အတွင်း ကိုဗစ် - ၁၉ ကြောင့် သေဆုံးသူဦးရေမှာ ၁၂၄၂၅၆ ဦး ရှိလာသည်ဟု အီရန်ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနက ပြောသည်။ ကိုဗစ် - ၁၉ ကူးစက်ခံရပြီး နောက် ပြန်လည်ကျန်းမာလာသူ အရေအတွက်မှာလည်း ၅၃၃၃၃၀၄ ဦး ရှိသည်။
လူပေါင်း ၄၆၉၃ ဦးမှာမူ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေဆဲဖြစ်သည်။ အီရန်နိုင်ငံတွင် အောက်တိုဘာ ၁၈ ရက်အထိ ကိုဗစ်- ၁၉ ကာကွယ်ဆေးတစ်ကြိမ် ထိုးပြီးသူ ၄၈၉၅၆၆၉၃ ဦးရှိပြီး နှစ်ကြိမ်ကာကွယ်ဆေးထိုးပြီးသူ ၂၅၁၅၆၉၈၇ ဦးရှိသည်ဟု သိရသည်။
ဆင်ဟွာ