
တီဟီရန် နိုဝင်ဘာ ၁၆
အီရန်နိုင်ငံတွင် ကိုဗစ်- ၁၉ နောက်ထပ် ကူးစက် ခံရသူ ၇၄၉၄ ဦးထပ်မံ တွေ့ရှိခဲ့ရာ စုစုပေါင်း ကူးစက်ခံရသူဦးရေမှာ ၆၀၄၅၂၁၂ ဦးရှိသည်ဟု အီရန်ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၅ ရက်တွင် ပြောသည်။
နိုဝင်ဘာ ၁၄ ရက်တွင် ကိုဗစ်- ၁၉ ကြောင့် သေဆုံးသူ ၁၀၅ ဦး ရှိခဲ့ပြီး သေဆုံးသူစုစုပေါင်း မှာလည်း ၁၂၈၂၇၂ ဦးရှိသည်ဟု အီရန်ကျန်းမာ ရေးနှင့် ဆေးဘက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာန က ပြောသည်။ အီရန်တွင် ကိုဗစ် - ၁၉ ကာကွယ် ဆေး ပထမအကျော့ထိုးပြီးသူ ၅၅၈၆၀၀၆၅ ဦး ရှိပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီးသူ ၄၂၆၁၉၇၈၈ ဦးရှိသည်ဟု သိရသည်။
ဆင်ဟွာ