အီရန်နျူကလီးယားအေဂျင်စီခေါင်းဆောင်နှင့် အိုင်အေအီးအေအကြီးအကဲတို့ တွေ့ဆုံဆွေးနွေး

တီဟီရန်   စက်တင်ဘာ   ၁၂
အပြည်ပြည်ဆိုင်ရာ       အဏုမြူစွမ်းအင် အေဂျင်စီ (အိုင်အေအီးအေ)  မှ   အကြီးအကဲ သည်     အီရန်နိုင်ငံမှ     အဏုမြူစွမ်းအင် အဖွဲ့အစည်းခေါင်းဆောင်အသစ်နှင့်    ယနေ့ တွင်   ဆွေးနွေးမှုပြုလုပ်သွားမည်ဟု     သိရ သည်။
အပြည်ပြည်ဆိုင်ရာ      အဏုမြူစွမ်းအင် အေဂျင်စီမှ   အကြီးအကဲဖြစ်သူ   ရာဖယ် ဂရော့စီသည်     အီရန်နိုင်ငံသို့     ယနေ့ ရောက်ရှိမည်ဖြစ်သည်။    ယင်းနေ့တွင်ပင်    အီရန်နိုင်ငံမှ    အဏုမြူစွမ်းအင်  အဖွဲ့အစည်း ခေါင်းဆောင်          မိုဟာမက်အက်စလာမီနှင့် တွေ့ဆုံမည်ဖြစ်သည်။      အီရန်နိုင်ငံတွင် သမ္မတသစ်     အီဘရာဟင်ရိုင်စီ      စတင် တာဝန်ထမ်းဆောင်သည့်   အချိန်မှစတင်ကာ ဂရော့စီသည်        ပထမဆုံးအကြိမ်အဖြစ် အီရန်နိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။  
စက်တင်ဘာ ၁၃ ရက်တွင်   ပြုလုပ်မည့်  အိုင်အေအီးအေ၏  ပုံမှန် အစည်းအဝေးမတိုင်မီ   ၎င်းတို့နှစ်ဦး တွေ့ဆုံမှုပြုလုပ်မည်ဖြစ်သည်။ 
စက်တင်ဘာ ၁၄ ရက်တွင်      အီရန် နျူကလီးယားအစီအစဉ်အပေါ် အစီရင်ခံစာကို ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်သည်။ 
အီရန်နိုင်ငံသည်     ယူရေနီယံသန့်စင်မှု ပမာဏကို ၆၀ ရာခိုင်နှုန်းအထိ ပြုလုပ်နေပြီး  ယင်းအဆင့်မှာ ၂၀၁၅ ခုနှစ်   နျူကလီးယား သဘောတူညီမှုတွင်    ကန့်သတ်ထားသည် ထက်ပို၍  ကျော်လွန်နေသည်ဟု   အစီရင်ခံစာ တွင် ဖော်ပြထားသည်။ 
အင်န်အိတ်ချ်ကေ