အီရတ်၌ အမေရိကန်တပ်များ၏ တိုက်ခိုက်ရေးမစ်ရှင်ကို အဆုံးသတ်

 

ဘဂ္ဂဒက် ဒီဇင်ဘာ ၁၀


အီရတ်ရှိ အမေရိကန်တပ်ဖွဲ့ဝင် များ၏        တိုက်ခိုက်ရေးမစ်ရှင်ကို အဆုံးသတ်ပြီ      ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဌာနက ပြောသည်။ အီရတ်နိုင်ငံ   တပ်ဖွဲ့ အတွက်     အကြံပြုမှုများနှင့် လေ့ကျင့်ပေးမှုများကိုသာ  အစား ထိုး      လုပ်ဆောင်သွားမည်ဟု အမေရိကန်ကာကွယ်ရေးဌာနက ပြောသည်။ 

 


အီရတ်ရှိအမေရိကန်တပ်ဖွဲ့ဝင် အရေအတွက်ကို    သိသိသာသာ ပြောင်းလဲသွားမည်   မဟုတ်ဟု ပင်တဂွန်       ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက      ပြောသည်။  အမေရိကန်တပ်ဖွဲ့ဝင် ၂၅၀၀ မှာ အီရတ်တွင်  တပ်စွဲထားသည်။ 

 


အမေရိကန်   ဦးဆောင်သည့် မဟာမိတ်များသည် ၂၀၁၄ ခုနှစ် တွင် အီရတ်ရှိ အိုင်အက်စ်များကို နှိမ်နင်းရန်အတွက် တပ်စွဲထားခဲ့ သည်။     ထိုစဉ်က   အိမ်နီးချင်း ဆီးရီးယားနှင့်   အီရတ်နိုင်ငံတို့ရှိ နယ်မြေများကို     အိုင်အက်စ် စစ်သွေးကြွများက   သိမ်းပိုက်ထား ခဲ့သည်။   အဆိုပါဖြစ်ရပ်မတိုင်မီ ကလည်း အမေရိကန်ဦးဆောင် သည့် မဟာမိတ်များသည် အီရတ် စစ်ပွဲတွင် တိုက်ခိုက်ခဲ့ကြသည်။

 


အဆိုပါစစ်ပွဲသည်    ၂၀၀၃ ခုနှစ်တွင် စတင်ခဲ့ပြီး   ၂၀၁၁ ခုနှစ် တွင် အမေရိကန်တပ်ဖွဲ့ဝင်များ အားလုံး အီရတ်နိုင်ငံမှ  ဆုတ်ခွာ ခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသ နှင့်   အခြားသောဒေသများတွင် အမေရိကန်၏မူဝါဒကို  ပြန်လည် သုံးသပ်မည်ဟု သမ္မတ ဂျိုးဘိုင်ဒင် အစိုးရအဖွဲ့က    ပြောကြားခဲ့ပြီး နောက်   အီရတ်ရှိ   အမေရိကန် တပ်ဖွဲ့ဝင်များ၏    တိုက်ခိုက်ရေး မစ်ရှင်ကို    အဆုံးသတ်ခဲ့သည်။ အီရတ်နိုင်ငံ၏   လုံခြုံရေးအခြေ အနေမှာ   မတည်မငြိမ်ဖြစ်နေဆဲ ဖြစ်သည်။     အိုင်အက်စ်တို့၏ တိုက်ခိုက်မှုကို ခံနေဆဲဖြစ်သည်။ ပြီးခဲ့သည့်     လအတွင်းကလည်း အီရတ်ဝန်ကြီးချုပ်    မူစတာဖာ အယ်ခတ်ဟီမီသည်   ဒရုန်းဖြင့် တိုက်ခိုက်မှုကိုခံခဲ့ရသည်။


အင်န်အိတ်ချ်ကေ