
ဘဂ္ဂဒက် ဒီဇင်ဘာ ၁၈
အီရတ်နိုင်ငံမြောက်ပိုင်း၌ မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ရုတ်တရက် ရေကြီးမှုဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာ ၁၇ ရက်တွင် သေဆုံး သူဦးရေမှာ ၁၁ ဦးရှိသည်ဟု သိရသည်။
အာဘီရယ်ပြည်နယ် မြို့တော် ဝန် နာဘတ်အဗ္ဗဒူလာဟာမစ် က ရေကြီးမှုဖြစ်စဉ်အကြောင်းကို ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အာဘီရယ်ပြည်နယ်တောင်ပိုင်း ကွတ်ရှ်တာပါမြို့နှင့် ဒါရတိုမြို့ ဆင်ခြေဖုံး ရပ်ကွက်တို့တွင် ပျက် စီးမှု အကြီးအကျယ် ပေါ်ပေါက်ခဲ့ သည်ဟု သိရသည်။
ဆက်လက်မိုးသည်းထန်နိုင်
နေအိမ်ပေါင်း ၁၀၀ နှင့် ကားပေါင်း ၂၀၀ နီးပါး ပျက်စီးသွား သည်ဟု ကွတ်ရှ်တာပါ မြို့တော် ဝန် ဆက်တာအိုမာက ပြောသည်။ ကာဒစ္စတန် မိုးလေဝသခန့်မှန်း မှုဌာန၏ ပြောကြားချက်အရ မိုးသည်းထန်စွာ ရွာသွန်းမှုမှာ အာဘီရယ်ပြည်နယ်တွင် ဆက် လက်ဖြစ်ပွားနိုင်သည်ဟု ခန့်မှန်း ထားသည်။
အီရတ်နိုင်ငံတွင် မိုးခေါင်မှုနှင့် ကြုံတွေ့နေစဉ် ယခုလို ဖျက်အား ကြီးမားသည့် မိုးသည်းမှုနှင့် ကြုံတွေ့ရခြင်းဖြစ်သည်။
ဆင်ဟွာ