အီရတ်နိုင်ငံရှိ အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့ဝင်များ ရုပ်သိမ်းရေး ဗြိတိန်နှင့် အီရတ် ဆွေးနွေး

ဘဂ္ဂဒက်    ဒီဇင်ဘာ   ၆


အီရတ်နိုင်ငံရှိ အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့ဝင်များ    ရုပ်သိမ်းရန်  အရေးနှင့်ပတ်သက်၍ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး လစ်ထရပ်စ်နှင့် အီရတ်ဝန်ကြီးချုပ် မူစတာ    ဖာအယ်လ်ခါဟီမီတို့အကြား တယ်လီဖုန်းမှတစ်ဆင့် ယနေ့ဆွေးနွေးခဲ့ ကြောင်း သိရသည်။ 


အဆိုပါ        ဆွေးနွေးမှုများအတွင်း အမေရိကန်ဦးဆောင်သော  ညွန့်ပေါင်း တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ရေးတာဝန် များထမ်းဆောင်ခြင်းမှ      ရုပ်သိမ်းရန်  နှစ်နိုင်ငံတာဝန်ရှိသူများ   အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း   အီရတ် ဝန်ကြီးချုပ်ရုံးမှ ထုတ်ပြန်ချက်အရ သိရ သည်။


 ထို့ပြင်ဗြိတိန်နှင့် အီရတ်  နှစ်နိုင်ငံ ပူးပေါင်း၍  အိုင်အက်စ်စစ်သွေးကြွများ အား နှိမ်နင်းရေးအပါအဝင် နှစ်နိုင်ငံ ကဏ္ဍ စုံ၌ ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ရန်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အီရတ်တပ်ဖွဲ့ဝင်များအား     အကြံပေး အဖြစ် ဆောင်ရွက်နေသော ညွန့်ပေါင်းတပ်ဖွဲ့ဝင်အချို့မှလွဲ၍    တိုက်ခိုက်ရေး တာဝန်ထမ်းဆောင်နေသော  ညွန့်ပေါင်း တပ်ဖွဲ့ဝင်များသည်   ၁၅  ရက်အတွင်း အီရတ်နိုင်ငံမှ  ပြန်လည်ဆုတ်ခွာရမည် ဖြစ်ကြောင်း အီရတ်နိုင်ငံပူးတွဲစစ်ဆင်ရေးဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ တက်ချ်ဆီး အယ်လ်ကဖားချီက နိုဝင်ဘာ ၂၄ ရက်တွင် ပြောကြားသည်။  


ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ