အီရတ်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ပို့ဆောင်

 

ရန်ကုန်   ဩဂုတ်   ၁၃
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိ နေသည့်  အမိနိုင်ငံသားများ အခက်အခဲကြုံ တွေ့ရပါက    နိုင်ငံသားများအပေါ်    အလေး အနက် တန်ဖိုးထားသည့်အနေဖြင့်    မည်သို့ သောအခြေအနေနှင့် တွေ့ကြုံရသည်ဖြစ်စေ  မြန်မာသံရုံးနှင့်   မြန်မာကောင်စစ်ဝန်ချုပ်ရုံး တို့သည်   သက်ဆိုင်ရာ     နိုင်ငံသံရုံးများနှင့်  ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့  အမြန်ဆုံး  အေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိ နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ အီရတ် နိုင်ငံ ဘဂ္ဂဒက်မြို့တွင် အခက်အခဲကြုံတွေ့နေ ရသည့်   မြန်မာနိုင်ငံသူ  မခမ်းဘွာအား   အမိ နိုင်ငံသို့   အမြန်ဆုံးပြန်လည်  ပို့ဆောင်နိုင်ရန်      ကိုင်ရိုမြို့ရှိ မြန်မာသံရုံးသည် အီရတ်နိုင်ငံမှ အစိုးရအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့     (IOM)      နှင့် သက်ဆိုင်ရာ    အဖွဲ့အစည်းများ     ညှိနှိုင်း ချိတ်ဆက်  ဆောင်ရွက်မှုဖြင့်  မြန်မာနိုင်ငံသို့    ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ရာ မခမ်းဘွာသည် ဩဂုတ် ၁၂ ရက် ဒေသစံတော်ချိန်  ၁၂ နာရီ ၅၅   မိနစ်တွင်   ဘဂ္ဂဒက်မြို့မှ    ဘာရိန်း - ဘန်ကောက် - ရန်ကုန်ခရီးစဉ်ဖြင့် ထွက်ခွာခဲ့ရာ      ရန်ကုန်မြို့သို့ ဩဂုတ် ၁၃ ရက် ညနေ ၆ နာရီ တွင် ပြန်လည်ရောက်ရှိခဲ့သည်။
အရှေ့အလယ်ပိုင်းနိုင်ငံများတွင်  အခက် အခဲများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များ   အမိနိုင်ငံသို့    ပြန်လည်ထွက်ခွာနိုင်ရန် မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့အနေ ဖြင့်  ကူညီဆောင်ရွက်ပေးလျက်ရှိပြီး  ပြည်ပ တွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ ရသည့် မြန်မာနိုင်ငံသားများအား     မြန်မာသံရုံး နှင့်  မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့မှ  ညှိနှိုင်း    ကူညီဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ပေးလျက်ရှိရာ ယခုကဲ့သို့အမိနိုင်ငံ သားများ    အတိဒုက္ခကြုံတွေ့နေရစဉ်     ကူညီ ကယ်တင်ပေးမှုအား   အလုပ်သမားနှင့်   မိဘ ဆွေမျိုးများက နိုင်ငံတော်အစိုးရ၊ မြန်မာသံရုံး နှင့်        မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့အား လှိုက်လှဲစွာ အထူးကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။           

ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ -  ကနူး