အီရတ်ဝန်ကြီးချုပ် တိုက်ခိုက်ခံရခြင်းနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ရှုတ်ချပြောဆို

 

 

ဝါရှင်တန် နိုဝင်ဘာ ၈


အီရတ်ဝန်ကြီးချုပ် မူစတာဖာအယ်ခတ်ဒီမီ ကို လုပ်ကြံရန် ကြိုးပမ်းမှုအပေါ် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ပြင်းပြင်းထန်ထန် ရှုတ်ချပြောဆိုခဲ့သည်။ 
အဆိုပါဖြစ်ရပ်ကို စုံစမ်းမှုများပြုလုပ်ရန်အတွက် အီရတ်လုံခြုံရေးတပ်ဖွဲ့ထံ   လိုအပ်သည့်အကူအညီများ ပေးရန် ကမ်းလှမ်းထားသည်ဟုလည်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ပြောသည်။ 
အီရတ်ဝန်ကြီးချုပ် မူစတာဖာအယ်ခတ်ဒီမီ ကို တိုက်ခိုက်ရန်    ကြိုးပမ်းမှုမှာ   နိုဝင်ဘာ ၇ ရက် အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒရုန်းကို အသုံးပြု ကာ တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးချုပ် မှာ လုံခြုံဘေးကင်းမှုရှိနေသည်ဟုလည်း သိရသည်။ သို့သော်လည်း လုံခြုံရေးအရာရှိ  ခုနစ်ဦးမှာ  ဒဏ်ရာ ရရှိခဲ့သည်ဟု အီရတ်အရာရှိများက ပြောသည်။ လုပ်ကြံရန် ကြိုးပမ်းမှုနှင့်ပတ်သက်ပြီး အီရတ်တပ်ဖွဲ့ က စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။
 အီရတ် ဝန်ကြီးချုပ်ကို လုပ်ကြံရန်ကြိုးပမ်းသူ များမှာ ၎င်းတို့၏လုပ်ရပ်အတွက် တာဝန်ခံရမည်ဟု လည်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ပြောသည်။ နိုဝင်ဘာ ၇ ရက်တွင် အီရတ်ဝန်ကြီးချုပ် မူစတာဖာ အယ်ခတ်ဒီမီနှင့်  အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်တို့ တယ်လီဖုန်းဖြင့် ဆက်သွယ် ပြောဆိုခဲ့ကြသည်ဟုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 
အီရတ်ဝန်ကြီးချုပ်၏ နေအိမ်တွင်   သူရဲဘော ကြောင်သည့်    အကြမ်းဖက်တိုက်ခိုက်မှု   ဖြစ်ပွားခဲ့ ပြီး    လက်နက်ကိုင်အုပ်စုက   အဆိုပါရာဇဝတ်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း   အီရတ်ဝန်ကြီးချုပ်ရုံး က သတင်းထုတ်ပြန်သည်။        အင်န်အိတ်ချ်ကေ