
ဝါရှင်တန် နိုဝင်ဘာ ၈
အီရတ်နိုင်ငံဝန်ကြီးချုပ် မူစတာဖာအယ်လ်ကာဒီမီ အား လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုအပေါ် ပြင်းထန်စွာရှုတ်ချပါကြောင်း အမေရိကန်နိုင်ငံ သမ္မတဂျိုးဘိုင်ဒင်က ပြောကြားသည်။
ထို့ပြင် အမေရိကန်နိုင်ငံအနေဖြင့် အဆိုပါ အီရတ်နိုင်ငံဝန်ကြီးချုပ်အား လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုအား စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် အတွက် အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်များအား အထောက်အပံ့ ပေးသွားမည်ဖြစ်ကြောင်းလည်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ဆက်လက် ပြောကြားသည်။
အီရတ်နိုင်ငံ၏ မြို့တော်ဘဂ္ဂဒက်ရှိ အီရတ် ဝန်ကြီးချုပ် အယ်လ်ကာဒီမီ၏နေအိမ်၌ ဝန်ကြီးချုပ် အား လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုတစ်ရပ် ယမန်နေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းသို့ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုတွင် အီရတ်ဝန်ကြီးချုပ်သည် ဘေးကင်းလွတ်မြောက်ခဲ့ သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်ခုနစ်ဦးသည် ဒဏ်ရာ အသီးသီးရရှိခဲ့ကြကြောင်း အီရတ်တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ အေပီသတင်းဌာနက သတင်းဖော်ပြခဲ့သည်။
အဆိုပါ အီရတ်ဝန်ကြီးချုပ်အား လုပ်ကြံမှုနှင့် စပ်လျဉ်း၍ အီရတ်စစ်ဘက်က စုံစမ်းစစ်ဆေးမှုများ ပြလုပ်လျက်ရှိကြောင်း သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-အလင်းသစ်