အီသီယိုပီးယား၌ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးပွဲများပြုလုပ်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ တောင်းဆို

 

ဂျီနီဗာ  နိုဝင်ဘာ  ၆


ကုလသမဂ္ဂလုံခြုံရေးကောင်စီသည်  အီသီယိုပီးယား တွင် ဖြစ်ပေါ်နေသည့် ကြောက်မက်ဖွယ်ပဋိပက္ခများ ကြောင့် စိုးရိမ်မိကြောင်း ပြောကြားခဲ့ပြီး အပစ်အခတ် ရပ်စဲရေးအတွက် တောင်းဆိုခဲ့သည်။
ယခုလအတွက် လုံခြုံရေးကောင်စီတွင် ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်နေသူ ကုလသမဂ္ဂဆိုင်ရာ မက္ကဆီ ကို သံအမတ်ကြီး  ဂျူအန်းရေမွန်ဒီလာဖလန်တီက နိုဝင်ဘာ ၅ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

 


ပြီးခဲ့သည့်နှစ်  နိုဝင်ဘာလမှစတင်ကာ အီသီ ယိုးပီးယားအစိုးရတပ်များနှင့်  နိုင်ငံ၏မြောက်ပိုင်းဒေသကိုထိန်းချုပ်ထားသည့် တိုင်းရင်းသားအင်အား စုတို့ကြား တိုက်ပွဲများဖြစ်ပေါ်ခဲ့သည်။ အီသီယိုပီး ယားနိုင်ငံ မြောက်ပိုင်းဒေသတွင်  အစိုးရတပ်များနှင့် တိုက်ပွဲများပြင်းထန်နေသည့်အပေါ်  အလွန်အမင်း စိုးရိမ်မိသည်ဟု    ကြေညာချက်တွင်    ပါရှိသည်။  ရေရှည်တည်တံ့သည့်    အပစ်အခတ်ရပ်စဲရေးနှင့် ပဋိပက္ခများကို ဖြေရှင်းနိုင်ရေးအတွက်  အမျိုးသား ဆွေးနွေးပွဲပြုလုပ်ရန်နှင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ် ရေးအတွက် အခြေခံအုတ်မြစ်ချရန်လည်း တောင်းဆို ထားသည်။

 


အီသီယိုပီးယားနိုင်ငံ၌    လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပဋိပက္ခများ၏ အကျိုးဆက် များ  သက်ရောက်လာမည်ကိုလည်း  အလွန်အမင်း  စိုးရိမ်မိသည်ဟု လုံခြုံရေးကောင်စီက ဖော်ပြခဲ့သည်။  အဒစ်အဘာဘာမြို့ရှိ    အမေရိကန်သံရုံးကလည်း အမေရိကန်နိုင်ငံသားများကို  အီသီယိုပီးယားနိုင်ငံမှ ထွက်ခွာကြရန် အကြံပေးထားသည်။        

ဆင်ဟွာ