အီသီယိုပီးယားနိုင်ငံ တီဂရေးဒေသတွင် ငတ်မွတ်ခေါင်းပါးမည့်အရေးရင်ဆိုင်ရမည့်လက္ခဏာများကြုံတွေ့

 

နှင်းမိုးအိမ်

အီသီယိုပီးယားနိုင်ငံတွင် ကုလသမဂ္ဂအဆင့်မြင့်အရာရှိကြီး ခုနစ်ဦးကို နိုင်ငံအတွင်းမှ နှင်ထုတ်ရန်အတွက် စက်တင်ဘာ ၃၀ ရက်တွင် အမိန့်ထုတ်ခဲ့သည်။ တိုက်ပွဲများဖြစ်ပွားနေသည့်  တီဂရေးဒေသတွင်  ပိတ်ဆို့ထားမှုများကို  အဆုံးသတ်ပေးရန် ဖိအားများ မြင့်တက်လျက်ရှိသည်။ ထို့ပြင် တီဂရေးဒေသ၌ ငတ်မွတ်ခေါင်းပါးမည့်ဘေးအန္တရာယ် ကြုံတွေ့ရတော့မည့်အရိပ်အယောင်များနှင့် တွေ့နေရသည်ဟုလည်း အကူအညီပေးရေး အေဂျင်စီများက ပြောသည်။


တိုင်းပြည်အတွင်းမှနှင်ထုတ် 


နှင်ထုတ်ခံရသည့်ကုလသမဂ္ဂအရာရှိကြီးများမှာ   အီသီယိုပီးယား နိုင်ငံ၏ ပြည်တွင်းရေးကိစ္စများတွင် ကြားဝင်စွက်ဖက်ခဲ့သည်ဟု စွပ် စွဲခဲ့ပြီး   ၎င်းတို့ကို   တိုင်းပြည်အတွင်းမှ   ထွက်သွားရန် ၇၂ နာရီ အချိန်ပေးခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည် ။   နှင်ထုတ်ခံရသည့် အရာရှိကြီးများထဲတွင်  အီသီယို ပီးယားနိုင်ငံဆိုင်ရာ  ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ကိုယ်စား လှယ်နှင့်  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ  ညှိနှိုင်းရေးရုံးမှ အကြီးအကဲ ပါဝင်သည်။ 


ပြန်လည်ကုစားနိုင် 


ကုလသမဂ္ဂအကူအညီပေးရေးအကြီးအကဲဖြစ်သူ    မာတင် ဂရစ်ဖစ်က   တီဂရေးဒေသတွင်  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ ဆိုးရွားလာသည့်အပေါ်  အီသီယိုပီးယား အစိုးရကို အပြစ်တင်ပြောကြားခဲ့ပြီး  အဆိုပါဒေသသို့ စားနပ်ရိက္ခာများ ပေးပို့နိုင်မှုစတင်ရန်   တိုက်တွန်းခဲ့ပြီးနောက်      နှစ်ရက်အကြာတွင် နှင်ထုတ်သည့်အမိန့်  ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။  ယခုဖြစ်ပေါ်နေ သည့်အခြေအနေများမှာ  လူသားများ၏လုပ်ရပ်ကြောင့် ဖြစ်ပေါ်လာ ရသည့် ဘေးဒုက္ခဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ပြန်လည်ကုစားနိုင် ကြောင်း ယခုသီတင်းပတ်အတွင်း အင်တာဗျူးတစ်ခုတွင် မာတင်က ဖြေကြားခဲ့သည်။ 


ပဋိပက္ခများစတင် 


ပြီးခဲ့သည့်      သုံးလတာကာလအတွင်း    တီဂရေးဒေသတွင် လိုအပ်နေသည့်အကူအညီများ၏  ၁၀ ရာခိုင်နှုန်းကိုသာ ပေးပို့နိုင်ခဲ့ သည်ဟုလည်း    ၎င်းက   ဆက်ပြောသည်။    အစားအသောက်များ ပြတ်လပ်ခြင်းဆိုသည်မှာ လူများ စတင်သေဆုံးတော့မည့်အဓိပ္ပာယ် ပင်ဖြစ်သည်ဟု  သီးသန့်အင်တာဗျူးတွင် ၎င်းက ယခုလိုပြောကြား ခဲ့ခြင်းဖြစ်သည်။   


အီသီယိုပီးယားနိုင်ငံမြောက်ပိုင်း  တီဂရေးဒေသ  ပဋိပက္ခများ ဖြစ်ပွားခဲ့သည်မှာ  အချိန်တစ်နှစ်နီးပါး    ကြာမြင့်ခဲ့ပြီဖြစ်ပြီး ဝန်ကြီးချုပ်  အဘီအာမက်က   တီဂရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦးကို ထိုးစစ်ဆင်နွှဲခဲ့ပြီးနောက်  ပဋိပက္ခများ စတင်ခဲ့သည်။ 


ငတ်မွတ်ခေါင်းပါးမည့်ဘေးအန္တရာယ်နှင့်ကြုံတွေ့ရ 


စစ်ပွဲများကြောင့်  အကြမ်းဖျင်းအားဖြင့်  လူပေါင်း နှစ်သန်း နေရာရွှေ့ပြောင်းခဲ့ရပြီး ရာနှင့်ထောင်နှင့်ချီသည့်လူများမှာ  ငတ်မွတ် ခေါင်းပါးမည့်ဘေးအန္တရာယ်နှင့်    ကြုံတွေ့နေရသည်။ စက်တင်ဘာ ၃၀ ရက်တွင်  အီသီယိုပီးယားနိုင်ငံအတွင်းမှ ကုလသမဂ္ဂအဖွဲ့အစည်း ခေါင်းဆောင်များကို နှင်ထုတ်ခဲ့သည့်အတွက်  အီသီယိုပီးယားအစိုးရ ၏ လုပ်ရပ်ကို အမေရိကန်က  ရှုတ်ချကြောင်း အိမ်ဖြူတော်ပြောရေးဆို ခွင့်ရှိသူ ဂျန်ပစာကီက  ပြောသည်။  အမှန်တကယ် အကူအညီလိုအပ် သူများထံ အစားအသောက်၊ ဆေးဝါးနှင့်  အခြားသောအသက်ကယ် ပစ္စည်းများ ပေးပို့နိုင်ခြင်း မရှိမည်ကိုလည်း  စိုးရိမ်မိကြောင်း  ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ 


လက်ခံနိုင်ဖွယ်မရှိ 


အီသီယိုပီးယားနိုင်ငံ  မြောက်ပိုင်းတွင် ပဋိပက္ခ ကာလရှည်ကြာ ဖြစ်ပွားစေသည့်အတွက်  ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုများ ပြုလုပ်ရန် အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က   ပြင်ဆင်လျက်ရှိကြောင်း လည်း ၎င်းက ဆက်ပြောသည်။  အီသီယိုပီးယားနိုင်ငံအတွင်း အသက် ရှင်ရပ်တည်ရေးအတွက် အမှန်တကယ် အကူအညီလိုအပ်နေသူများထံ အကူအညီများ ပိတ်ဆို့ထားခြင်းမှာ လက်ခံနိုင်ဖွယ်ရာ မရှိကြောင်းနှင့် အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းနှင့်   ကုလသမဂ္ဂလုံခြုံရေးကောင်စီ  အနေဖြင့် ချက်ချင်းအရေးယူဆောင်ရွက်မှု ပြုလုပ်ရန်အတွက်လည်း တောင်းဆိုကြောင်း ၎င်းက ပြောကြားခဲ့သည်။


အံ့အားသင့်မိ 


စက်တင်ဘာ ၃၀ ရက်က    အပြုအမူများကိုကြည့်လျှင်  အီသီ ယိုပီးယားသည် အပြည်ပြည်ဆိုင်ရာ၏ဖိအားများ ဒဏ်မှ နောက်ဆုတ် မည့်ဟန်မပြဟုလည်း   အပြည်ပြည်ဆိုင်ရာပဋိပက္ခအုပ်စုမှ  အီသီ ယိုပီးယားနိုင်ငံဆိုင်ရာ သုတေသီ ဝီလီယံဒေးဗစ်ဆင်က  ပြောသည်။ အီသီယိုပီးယားနိုင်ငံ၏ ဆုံးဖြတ်ချက်ကို အံ့အားသင့်မှင်တက်မိကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောသည်။ 


ဝေဖန်မှုများပိုမိုပြုလုပ်လာ


အီသီယိုပီးယားနိုင်ငံတွင်  ကုလသမဂ္ဂသည်  အသက်ကယ်ပစ္စည်း  များ၊ အစားသောက်၊ ဆေးဝါးနှင့် ရေတို့ကို ဖြန့်ဝေပေးခဲ့သည်။ အီသီယို ပီးယားနိုင်ငံတွင်  နေထိုင်နေကြသည့်     ကုလသမဂ္ဂဝန်ထမ်းများမှာ  အဆိုပါ  အလုပ်များကိုသာ  လုပ်ကိုင်နေသည်ဟု ယုံကြည်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောသည်။ အောက်တိုဘာ ၁ ရက်တွင်  ဝေဖန်မှုများ ပြုလုပ်လာသည့် ကုလသမဂ္ဂအရာရှိများ ပိုမိုများပြားလာခဲ့သည်။ 


ရှားပါးသည့်ဖြစ်စဉ်ဖြစ် 


အေဂျင်စီသုံးခုမှ လူခုနစ်ဦး  နှင်ထုတ်ခံရခြင်းမှာ   ရှားပါးသည့် ဖြစ်စဉ် ဖြစ်သည်ဟုလည်း   ကုလသမဂ္ဂ   လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာပြောရေးဆိုခွင့်ရှိသူ  ရူပတ် ကိုဗီလီက ပြောသည်။ အီသီယို ပီးယားနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များ ဆက်လက်ပြုလုပ်နိုင်ရေးမှာ    အရေးကြီးသည်ဟုလည်း    ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ 


ကိုးကား - ဝါရှင်တန်ပို့စ်