
အဒစ္စအဘာဘာ နိုဝင်ဘာ ၁၉
အီသီယိုးပီးယားနိုင်ငံမြောက်ပိုင်း ပဋိပက္ခများနှင့် ပတ်သက်၍ အီသီယိုးပီးယားဒုတိယဝန်ကြီးချုပ် ဒီမီကီမီကွန်နန်နှင့် အာဖရိကဦးချိုဒေသ အမေရိကန် အထူးသံတမန် ဂျက်ဖရီဖလက်မန်းတို့ တွေ့ဆုံကာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဒီမီကီမီကွန်နန်သည် အီသီယိုးပီးယားနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည်။ တီဂရေး ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (TPLF) ကို သစ္စာခံ သော တပ်ဖွဲ့ဝင်များကြောင့် အာဖာဒေသ နှင့် အမ်ဟာရာဒေသတို့တွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများနှင့် စီးပွားရေး ပျက်စီးမှုတို့ ဖြစ်ပေါ်ကြရသည်ဟု ပြောသည်။
အဆိုပါဒေသနှစ်ခုမှ TPLF တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာရေး အမေရိကန်ပြည်ထောင်စုမှ ဖိအားပေးရန်အတွက်လည်း ၎င်းက ဆက်လက် တောင်းဆိုခဲ့သည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ သယ်ဆောင်လာသည့် ထရပ်ကား ၃၆၉ စီးကိုလည်း တီဂရေးဒေသသို့ ဝင်ရောက်ခွင့်ပြုရန် ၎င်းက ကြေညာခဲ့သည်။ တီဂရေးဒေသပဋိပက္ခမှာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၄ ရက်ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။
ဆင်ဟွာ