
အဒစ္စအဘာဘာ ဒီဇင်ဘာ ၂၇
ပြီးခဲ့သည့် ၂၄ နာရီအတွင်း အီသီယိုးပီးယားနိုင်ငံတွင် ကိုဗစ် - ၁၉ နောက်ထပ်ကူးစက်ခံရသူ ၂၉၄၆ ဦးထပ်မံတွေ့ရှိခဲ့ပြီး တစ်နိုင်ငံလုံးအနှံ့ စုစုပေါင်း ကူးစက်ခံရသူ ၃၉၈၆၉၆ ဦး ရှိလာသည်ဟု ဒီဇင်ဘာ ၂၆ ရက်တွင် တိုင်းပြည်၏ ကျန်းမာရေးဝန်ကြီးဌာနက ပြော သည်။
ယင်းနေ့တွင်ပင် ကိုဗစ် -၁၉နှင့်ဆက်စပ်ပြီးသေဆုံးသူ လေးဦးရှိပြီး ပြန်လည် ကျန်းမာ လာသူ ၈၅၆ ဦးရှိကြောင်း သိရသည်။ အီသီယိုးပီးယားနိုင်ငံသည် အာဖရိက၏ ဒုတိယအကြီးဆုံး လူဦးရေထူထပ်သည့်နိုင်ငံဖြစ်ပြီး အရှေ့အာဖရိကဒေသတွင် ကိုဗစ်- ၁၉ ကူးစက်မှုအများဆုံးဖြစ်သည်။
ကာကွယ်ဆေးထိုးသည့်အစီအစဉ်ကို အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိပြီး ကာကွယ်ဆေးအလုံးရေ ၁၀၈၅၂၇၈၄ လုံး ထိုးနှံပြီးကြောင်း သိရသည်။ ဆင်ဟွာ