
အဒစ္စအဘာဘာ အောက်တိုဘာ ၅
အီသီယိုပီးယား ပါလီမန်သည် အောက်တိုဘာ ၄ ရက်တွင် လက်ရှိဝန်ကြီးချုပ် အဘီအာမက်ကို ဒုတိယ အကြိမ် ငါးနှစ်သက်တမ်းအတွက် အတည်ပြုခဲ့ ကြောင်း သိရသည်။
အဘီအာမက်၏ အောင်မြင်ဖြစ်ထွန်းခြင်း ပါတီ သည် ဇွန်လအတွင်းက ပြုလုပ်သည့် အမျိုးသား ရွေးကောက်ပွဲတွင်တောင်ပြိုကမ်းပြိုအနိုင်ရခဲ့သည်။
၎င်းမှာ တိုင်းပြည်၏ ဝန်ကြီးချုပ်အဖြစ် အောက်တိုဘာ ၄ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ သည်။ ၎င်း၏ ကျမ်းသစ္စာကျိန်ဆိုပွဲတွင် အီသီယို ပီးယားသမ္မတ ဆာ့လေဝေါ့ခ်ဇုက အဘီအာမက် အတွက် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။
၎င်း၏ ရာထူးခန့်အပ်ပွဲအပြီးတွင် အာမက် အနေဖြင့် အစိုးရသစ်ဖွဲ့ရန် မျှော်မှန်းထားသည်။ အောက်တိုဘာ ၄ ရက်က ပြုလုပ်သည့်အခမ်းအနား တွင် အာဖရိကခေါင်းဆောင်များ၊ ဒေသတွင်း ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
ဇွန်လအတွင်းက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ တွင် အဘီအာမက်၏ ပါတီက ပါလီမန်တွင် ၄၃၆ နေရာ၌ ၄၁၀ အနိုင်ရရှိခဲ့သည်။ အာမက်ကို ၂၀၁၈ ခုနှစ် ဧပြီလအတွင်းက တိုင်းပြည်၏ ဝန်ကြီးချုပ် အဖြစ် ပထမဆုံးအကြိမ် ခန့်အပ်ခဲ့သည်။
ဆင်ဟွာ