အီတလီနိုင်ငံ၌ အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူ ၈၄ ဦးရှိလာ

ရောမ   ဒီဇင်ဘာ   ၁၉


အီတလီနိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၅ ဦးအား ထပ်မံတွေ့ရှိခဲ့ပြီး နောက် နိုင်ငံအတွင်း အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၄ ဦးအထိရှိလာ ကြောင်း အီတလီအမျိုးသားကျန်းမာရေး အင်စတီကျု၏ ထုတ်ပြန်ချက်အရ သိရသည်။ 


၎င်းဗိုင်းရပ်စ်ပိုး ထပ်မံကူးစက်ခံရသူများအနက် နိုင်ငံမြောက်ပိုင်း လွန်ဘာဒီဒေသ ၌ ကူးစက်ခံရသူ ၃၃ ဦးနှင့် နိုင်ငံတောင်ပိုင်း ကန်ပါနီယာဒေသ၌ ကူးစက်ခံရသူ ၂၀ တို့ကို တွေ့ရှိခဲ့သည်။ လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံအသီးသီး၌ အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ် ကူးစက်မှုများ မြင့်တက်လာသည်ကို တွေ့ရှိရပြီး လာမည့်ရက်များအတွင်း အီတလီနိုင်ငံ၌လည်း အဆိုပါ ဗိုင်းရပ်စ်ကူးစက်မှုများ  ဆက်လက်မြင့်တက်လာမည် ဖြစ်ကြောင်း အီတလီ အမျိုးသားကျန်းမာရေးအင်စတီကျုမှ အကြီးအကဲ ဆီဗီအိုဘရူ ဆာဖီယိုက ပြောကြားသည်။ 


အီတလီနိုင်ငံ၌ ပြီးခဲ့သောသီတင်းပတ်များအတွင်းက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု များနှင့် အဆိုပါရောဂါကြောင့်သေဆုံးမှုများ မြင့်တက်လာခဲ့သည်။      

         
ကိုးကား - စီအင်န်အေ၊ ဘာသာပြန် - စိုးသူရ