အီတလီနိုင်ငံ၌ ကာကွယ်ဆေးမထိုးရသေးသူများအပေါ် တင်းကျပ်သည့်စည်းကမ်းချက်များစတင်

 

ကေကေစိုး

 

အီတလီနိုင်ငံ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးရသေးသူများအတွက် တင်းကျပ်သည့်စည်းကမ်းချက်များ ဒီဇင်ဘာ ၆ ရက်မှ   စတင်အသက်ဝင်လာပြီဟု  သိရသည်။  ကာကွယ်ဆေးမထိုးရသေးသူများအပေါ် စည်းကမ်းတင်းကျပ်ရန် နိုဝင်ဘာနှောင်းပိုင်းကတည်းက အစိုးရက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

 

အဝါရောင်အဆင့်ပြောင်းလဲသတ်မှတ်


ထိုစဉ်တိုင်းပြည်အတွင်းရှိ အရှေ့မြောက်ပိုင်း ဒေသနှစ်ခု၌    အဝါရောင်အဆင့်    ပြောင်းလဲ သတ်မှတ်ခဲ့သည်။ အဝါရောင်  အဆင့်သတ်မှတ် ချက်မှာ    ကပ်ရောဂါကူးစက်မှု    အဆင့်နည်းပါး သည်ဟု သတ်မှတ်ထားသည်။  ကျန်နယ်မြေများတွင် အဖြူရောင်အဆင့်သတ်မှတ်ထားဆဲဖြစ်သည်။ ကူးစက်မှုအန္တရာယ် အဆင့်ခွဲခြားရာတွင် အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်နှင့် အဖြူရောင်ဇုန်ဟူ၍ ၂၀၂၀ နှောင်းပိုင်းကတည်းက အဆင့်လေးဆင့် သတ်မှတ်ထားခဲ့သည်။ 

 


အစိမ်းရောင်ခွင့်ပြုချက်ပေးထား 


ကာကွယ်ဆေးထိုးပြီးကြောင်း   သက်သေခံ လက်မှတ်ရှိသူ သို့မဟုတ် ခြောက်လတာကာလ အတွင်း ရောဂါကူးစက်ခံရပြီးနောက် ပြန်လည် ကျန်းမာလာသူများကို  အစိမ်းရောင်ခွင့်ပြုချက်ပေးထားသည်။      အဆိုပါလက်မှတ်ရှိသူများသည်  စားသောက်ဆိုင်များနှင့်        ယမကာဆိုင်များ၌  ဆိုင်ထိုင်စားသောက်ခွင့်ပေးထားသည်။   ထို့ပြင် ရုပ်ရှင်ရုံများ၊ အားကစားပွဲများနှင့် ကဇာတ်ရုံများ၊ နိုက်ကလပ်များနှင့်  အားကစားရုံကြီးများအတွင်းသို့ လည်း     ဝင်ရောက်ခွင့်ပေးထားသည်။      အဆိုပါ စည်းမျဉ်းစည်းကမ်းများကို ဇန်နဝါရီလ ၁၅ ရက် မတိုင်မီအထိ ဆက်လက်ထားရှိမည်ဖြစ်သည်ဟု အစိုးရ၏အမိန့်ကြေညာချက်အရ သိရသည်။

 


ကာကွယ်ဆေးထိုးရမည် 


ထို့ပြင် ဒီဇင်ဘာ ၆ ရက်မှစတင်ကာ တပ်ဖွဲ့ ဝင်များ၊ ရဲများ၊ ကျောင်းဝန်ထမ်းများနှင့်  ပုဂ္ဂလိက နှင့်  ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုအခန်းကဏ္ဍ တွင် လုပ်ကိုင်နေကြသည့်  ဝန်ထမ်းများအားလုံး ကိုဗစ် - ၁၉ ကာကွယ်ဆေးကို   ထိုးနှံရမည်ဖြစ် သည်။  ယခင်ကမူ ကျန်းမာရေးလုပ်သားများကိုသာ ကာကွယ်ဆေးမဖြစ်မနေထိုးရန် အမိန့်ထုတ်ထား သည်။ ကိုဗစ် -၁၉ ကပ်ရောဂါ  စတုတ္ထအကျော့ကို ရင်ဆိုင်နိုင်ရေးအတွက် စည်းကမ်းအသစ်များချမှတ် ခဲ့ခြင်းဖြစ်သည်။ 

 


လိုအပ်ပါက အချိန်ထပ်တိုးမည် 


ယခင်ခွင့်ပြုပေးထားသည့်      အစိမ်းရောင် ခွင့်ပြုချက်နှင့်မတူညီသည်မှာ ယခုထုတ်ပြန်ထား သည့် စည်းကမ်းချက်အသစ်အရ ၄၈ နာရီအတွင်း ဆေးစစ်ထားသည့် ကိုဗစ် - ၁၉ ကင်းစင်ကြောင်း လက်မှတ်မှာအသုံးဝင်မည် မဟုတ်ပေ။ ဒီဇင်ဘာ ၆ ရက်မှစတင်ကာ ဟိုတယ်များ၌ တည်းခိုသည့် အခါတွင်လည်း  ကိုဗစ် -၁၉ ကာကွယ်ဆေးထိုး ထားကြောင်း ပြသရမည်ဖြစ်သည်။  ယခုချမှတ်ထားသည့်စည်းကမ်းချက်များကို ဇန်နဝါရီ ၁၅ ရက် နေ့အထိ   ကျင့်သုံးသွားမည်ဟု   ပြောကြားထား သော်လည်း လိုအပ်ပါက အချိန်ထပ်တိုးမည်ဖြစ်သည်။ 

 


အချိန်နှောင့်နှေးမှုများဖြစ်ပေါ်


စည်းကမ်းချက်အသစ်များ    စတင်အသက် ဝင်လာသည့်အခါ ပြဿနာအနည်းငယ်မျှသာတွေ့ရှိခဲ့သည်ဟု သိရသည်။ မီလန်မြို့ရှိ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင်  ကျန်းမာ ရေးစစ်ဆေးချက်များပြုလုပ်ရသည့်အတွက် အချိန် နှောင့်နှေးမှုများဖြစ်ပေါ်လာရသည်။       စည်းကမ်း ချက်အသစ်များကိုမလိုက်နာသူများအား  ရဲများက ဒဏ်တပ်ခွင့်အာဏာပေးထားသည်။ 

 


စည်းကမ်းချက်အသစ်များ  စတင်ကျင့်သုံး သည့်      ပထမဆုံးနေ့တွင်     မည်သည့်ပြဿနာမျှ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း အသက် ၂၉ နှစ် အရွယ် ရောမမြို့မှ   ကော်ဖီဘား   လုပ်သားတစ်ဦးက ပြောသည်။ ဆိုင်သို့လာရောက်သူများထံမှ အစိမ်းရောင်ခွင့်ပြုချက်လက်မှတ်ကို စစ်ဆေးရသည်ဟု ၎င်းက ပြောသည်။ ဝယ်သူတစ်ဦးမှာ ပြသနိုင်ခြင်း မရှိသည့်အတွက် ဆိုင်အပြင်ဘက်တွင်သာ နေရ သည်ဟု ၎င်းကဆက်ပြောသည်။

 


တွန်းအားပေးနိုင် 


အသက် ၃၄ နှစ် အရွယ် ပီဇာဆိုင်ပိုင်ရှင်တစ်ဦး ဖြစ်သူ   ဟာနန်နူချီကမူ  စည်းကမ်းချက်အသစ် များကို  ကြိုဆိုကြောင်းပြောသည်။  ကိုဗစ် -၁၉ မျိုးကွဲအသစ်  ထပ်မံပေါ်ပေါက်လာသည့်အတွက် လူများတွင်   စိုးရိမ်မှုများရှိနေကြောင်းကိုလည်း  ၎င်းက  ဆက်ပြောသည်။   အသစ်သတ်မှတ်ထား သည့် စည်းကမ်းချက်များအရ ကာကွယ်ဆေးမထိုး ရသေးသူများကို ကာကွယ်ဆေးထိုးရန်  တွန်းအား ပေးနိုင်သည်ဟုလည်း တက္ကစီယာဉ်မောင်းတစ်ဦး ဖြစ်သူ  မာကန်တိုနီယိုဂျမဲလီက  ပြောသည်။ 

 


အထိနာခဲ့ရ 


ဟိုတယ်နှင့်စားသောက်ဆိုင်ပိုင်ရှင် မက်ဆီမို  အိုဖရီဒီကမူ     စည်းကမ်းချက်အသစ်များကြောင့်  အီတလီနိုင်ငံ၏  ခရီးသွားလုပ်ငန်းကို  နောက်ထပ် ရိုက်ခတ်မှုတစ်ခုဖြစ်စေသည်ဟု        ပြောသည်။   အီတလီနိုင်ငံ၏ခရီးသွားလုပ်ငန်းမှာ နှစ်နှစ်နီးပါး ကြာမြင့်လာပြီဖြစ်သည့်  ကပ်ရောဂါနှင့်ဆက်စပ် သည့်ကန့်သတ်ချက်များကြောင့် အထိနာခဲ့ရသည်။ 

 


စိုးရိမ်နေကြ 


အောက်တိုဘာ လလယ်မှစတင်ကာ တိုင်းပြည် အတွင်း ကူးစက်မှုအသစ်များ ပြန်လည်များပြားလာ သည်။  အခြေအနေများမှာ  ထိန်းချုပ်နိုင်သည့် အခြေအနေတွင် ရှိနေဆဲဖြစ်သည်။  ထို့ကြောင့် တိုင်းပြည်၏ နေရာအစိတ်အပိုင်းတော်တော်များများကို အဖြူရောင်အဆင့်အဖြစ် သတ်မှတ်ထား ခြင်းဖြစ်သည်။ ကျန်းမာရေးအာဏာပိုင်များကမူ ကိုဗစ် -၁၉ မျိုးကွဲဖြစ်သည့် အိုမီခရွန်ကူးစက်ခံရမည် ကို   စိုးရိမ်နေကြသည်။  အီတလီနိုင်ငံ၌   အိုမီ ခရွန်ကူးစက်ခံရသူကို နိုဝင်ဘာ ၂၈ ရက်က ပထမ ဆုံးတွေ့ရှိခဲ့သည်ဟု       အမျိုးသားကျန်းမာရေး အင်စတီကျု၏ ပြောကြားချက်အရ သိရသည်။

 


ကန့်သတ်မှုအောက်တွင်နေထိုင်ရ 


ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ      ပြည်နယ်ဖြစ်သည့်  ဘော်ဇန်နိုအပါအဝင်     အရှေ့မြောက်ပိုင်းဒေသ များတွင် ယခုအခါ အဝါရောင်အဆင့် သတ်မှတ် ချက်အောက်ရှိ ကန့်သတ်ချက်များနှင့်  နေထိုင် နေရသည်။   အဆိုပါဒေသများ၌    ကိုဗစ် -၁၉ ကြောင့်  ဆေးရုံတက်ရမှုနှင့်  အထူးကြပ်မတ် ကုသဆောင်များတွင် နေထိုင်ရသူအရေအတွက်မှာ ၁၅ ရာခိုင်နှုန်းနှင့် ၁၀ ရာခိုင်နှုန်း  အသီးသီးစီရှိ သည့်အတွက်  ယခုလို ကန့်သတ်မှုများအောက် တွင်   နေထိုင်ရခြင်းဖြစ်သည်။ 

 


မျှော်မှန်းထား 


ဒီဇင်ဘာ ၆ ရက်နေ့အထိ   အီတလီနိုင်ငံ၌ အသက် ၁၂ နှစ်နှင့်အထက် ကိုဗစ် -၁၉ ကာကွယ် ဆေးအပြည့်ထိုးပြီးသူအရေအတွက်မှာ တိုင်းပြည် လူဦးရေ၏  ၈၄ ဒသမ  ၇၆  ရာခိုင်နှုန်းရှိသည်။ တတိယအကြိမ် ကာကွယ်ဆေးထိုးပြီးသူ အရေ အတွက်မှာ ၈ ဒသမ ၆ သန်းရှိသည်ဟု ကျန်းမာ ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ  သိရ သည်။ ဒီဇင်ဘာလအတွင်း အသက် ၅ နှစ်မှ  ၁၁ နှစ်အထိ  ကလေးများကို ကာကွယ်ဆေးထိုးပေး နိုင်မည်ဟု  မျှော်မှန်းထားသည်။

 


၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်း  ကိုဗစ်- ၁၉     ကပ်ရောဂါစတင်ဖြစ်ပွားသည့်အချိန်မှ စတင်ကာ နိုင်ငံအတွင်းလူပေါင်း ၅ ဒသမ ၁ သန်း ကူးစက်ခံထားရသည်ဟု  သိရသည်။   ပြန်လည် ကျန်းမာလာသူဦးရေမှာ ၄ ဒသမ ၇ သန်းရှိပြီး သေဆုံးသူပေါင်းမှာ ၁၃၄၂၈၇ ဦး ရှိသည်။ လက်ရှိ ရောဂါကူးစက်ခံထားရသူ         အရေအတွက်မှာ ၂၃၅၀၀၀ ရှိသည်ဟု သိရသည်။     ။


 ကိုးကား-ဆင်ဟွာ