
လင်းဟန်သစ်
မကြာသေးမီက မြင့်တက်လာခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်လောင်စာဈေးနှုန်းတွေနဲ့ ပိုလန်နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးတွေဟာ ဘရပ်ဆဲလ်မှာ ပြုလုပ်ခဲ့တဲ့ နှစ်ရက်ကြာ ဥရောပသမဂ္ဂ (အီးယူ) စည်းဝေးပွဲရဲ့ ထိပ်တန်းဆွေးနွေးစရာကိစ္စရပ်များ ဖြစ်ခဲ့ပါတယ်။
ကိုင်တွယ်ဖြေရှင်းဖို့ ထောက်ခံဆွေးနွေး
အီးယူအဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေဟာ စွမ်းအင်လောင်စာဈေးနှုန်းတွေ မြင့်တက်လာတဲ့ အတွက် ချက်ချင်းဖြစ်ပေါ်လာမယ့် ရိုက်ခတ်မှု တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဆောင်ရွက်ချက် အတော်များများကို ထောက်ခံဆွေးနွေးခဲ့ပြီး မတူညီ တဲ့အမြင်တွေကြားမှာ ရေတို ရေရှည်ကာလတွေမှာ ဆက်လက် လုပ်ဆောင်သွားရမယ့် ဆောင်ရွက်ချက် တွေကို တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် အီးယူရဲ့ အဓိက လက်ရုံးကြီးတစ်ခု ဖြစ်တဲ့ အီးယူကော်မရှင်အတွက်လည်း တရားစီရင် ရေး လွတ်လပ်မှုအပေါ် စိုးရိမ်မှုဟာလည်း ကြီးထွား လာနေပါတယ်။ ဒီလအစောပိုင်းမှာ ပိုလန်ဥပဒေ များဟာ အီးယူဥပဒေများအပေါ် ကြီးစိုး လွှမ်းမိုး လာတာကို တွေ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ ပိုလန်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးရဲ့ ဥပဒေကျင့်သုံးမှုပြီးနောက်မှာ စိုးရိမ်မှုတွေ ကြီးထွား လာတာဖြစ်ပါတယ်။
လျှပ်စစ်ဓာတ်အားခ ကြီးမြင့်လာခြင်းကို စိုးရိမ်
အီးယူအဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေဟာ မကြာသေးမီက ဓာတ်ငွေ့ဈေးနှုန်းတွေ၊ အိမ်သုံး နဲ့ စက်ရုံသုံး လျှပ်စစ်ဓာတ်အားခတွေ ကြီးမြင့် လာခြင်းရဲ့ သက်ရောက်မှုနဲ့ပတ်သက်ပြီး စိုးရိမ်လာ ခဲ့ပါတယ်။ အထူးသဖြင့် ဆောင်းရာသီဝင်ရောက် လာတော့မယ့်အချိန်မှာ အခုလိုမျိုး မြင့်တက်လာ တဲ့အတွက် စိုးရိမ်မှုတွေ ရှိလာခဲ့တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ သီတင်းပတ်ကလည်း ဥရောပ ကော်မရှင်က ရေတိုနဲ့ ရေလတ်ကာလမှာ စွမ်းအင် ဈေးနှုန်းမြင့်တက်လာတာကို လျှော့ချဖြတ်တောက် ဖို့ ဆောင်ရွက်ချက်တွေပါတဲ့ အစီအစဉ်တစ်ခုကို စတင်ခဲ့ပါတယ်။
ရေတို၊ ရေလတ်ဆောင်ရွက်ချက်
ရေတိုကာလ ဆောင်ရွက်ချက်တွေမှာ မိသားစု ဝင်တွေကို အရေးပေါ်ဝင်ငွေထောက်ပံ့မှု၊ ကုမ္ပဏီ တွေအတွက် နိုင်ငံတော်အဆင့်ထောက်ပံ့မှု၊ သတ်မှတ်ထားတဲ့ လုပ်ငန်းအမျိုးအစားတွေကို ဝင်ငွေခွန်စည်းကြပ်မှုတွေ လျှော့ချသွားဖို့ ပါဝင်ပါ တယ်။
ထို့အတူပဲ ရေလတ်ကာလ ဆောင်ရွက်ချက် တွေမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ စွမ်းအင် ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ ထောက်ပံ့လုပ်ဆောင်ဖို့၊ စွမ်းအင်သိုလှောင်ဖို့ သို့မဟုတ် အရန်ဓာတ်ငွေ့ ဝယ်ယူဖို့နဲ့ လတ်တလောမှာဖြစ်ပေါ်နေတဲ့ လျှပ်စစ် ဈေးကွက်ပုံစံတို့ကို အကဲဖြတ်ဖို့တို့ ပါဝင်ပါတယ်။
လောင်စာဈေးနှုန်း မြင့်တက်လာချိန်မှာ အသားတင်ဝင်ငွေ တစ်လကို ယူရို ၂၀၀၀ အောက် လျော့နည်းသူတွေအတွက် ယူရို ၁၀၀ (အမေရိကန် ဒေါ်လာ ၁၁၆) အထူးငွေကြေးဖောင်းပွခွင့် (အထူး ကုန်ဈေးနှုန်းကင်းလွတ်ခွင့်) ပြုကြောင်း ပြင်သစ်က မကြာသေးမီက ကြေညာလိုက်ပါတယ်။
တိကျတဲ့လုပ်ဆောင်ချက်တွေ
လုပ်ဆောင်ဖို့တိုက်တွန်း
သို့သော်လည်း အီးယူခေါင်းဆောင်တွေက စွမ်းအင်အကျပ်အတည်းကို ဖြေရှင်းတဲ့အပေါ် မတူညီတဲ့ အမြင်တွေရှိခဲ့ပါတယ်။ တချို့ကလည်း လတ်တလောအကျပ်အတည်းဟာ ခဏတာကိစ္စ ဖြစ်တယ်လို့ ယုံကြည်သလို တချို့ကလည်း အခုလို ဆုံးဖြတ်ချက်က စီးပွားရေးအပေါ် သက်ရောက် လာနိုင်မှုနဲ့ပတ်သက်ပြီး ခုသာခံသာဖြစ်ဖို့ တိကျ တဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်ဖို့ တိုက်တွန်း ထားပါတယ်။
ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်
နိုင်ငံရေးလောကက ထွက်ခွာသွားတဲ့ ဂျာမနီ ဝန်ကြီးချုပ် အင်ဂျလာမာကယ်က ဈေးကွက်တွေ ကို မပိတ်ဘဲ အဖြေတစ်ခုရဖို့ ကြိုးစားရှာဖွေ ဖို့လိုတယ်လို့ သတင်းမီဒီယာကို ပြောခဲ့ပါတယ်။ စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်လာတဲ့ ကိစ္စရပ်ဟာ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်တာနဲ့ မဆက် စပ်သင့်ဘူးလို့ ပြောလိုက်ပါတယ်။
ဒတ်ချ်ဝန်ကြီးချုပ် မာ့ခ်ရုသ်
ဒတ်ချ်ဝန်ကြီးချုပ် မာ့ခ်ရုသ်က စွမ်းအင် ဈေးနှုန်းမြင့်တက်လာတာက ခဏတာကိစ္စဖြစ် တယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပြီး ဥရောပကော်မရှင်ရဲ့ အစီအစဉ်က အီးယူရဲ့ ဥပဒေ များကို မချိုးဖောက်ဘဲ စွမ်းအင် ဈေးနှုန်းတည်ငြိမ် အောင် လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။
စပိန်ဝန်ကြီးချုပ် ပီဒရို ဆန်ချက်ဇ်
သို့သော်လည်း စပိန်ဝန်ကြီးချုပ် ပီဒရို ဆန်ချက်ဇ်က အဖွဲ့ဝင်နိုင်ငံတွေကို ဆောင်ရွက် ချက်တွေကို အားဖြည့်လုပ်ဆောင်ကြဖို့ တိုက်တွန်း ပြောကြားလိုက်ပြီး ဒီအကျပ်အတည်းဟာ အီးယူရဲ့ ယှဉ်ပြိုင်အနိုင်ယူစိတ်ကို အနှောင့်အယှက်ပေးနိုင် တယ်လို့ သတိပေးခဲ့ပါတယ်။
ရည်မှန်းချက်မပြောင်းဘဲ ဆက်လက်သွားမယ်
စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်နေတဲ့ကြားက တချို့အဖွဲ့ဝင်နိုင်ငံတွေက ပြည့်ဖြိုးမြဲစွမ်းအင်ဖွံ့ဖြိုး တိုးတက်မှုကို နှေးကွေးစေချင်နေပါတယ်။ သို့သော် လည်း အီးယူခေါင်းဆောင်တွေက ရည်မှန်းချက်ကို မပြောင်းနိုင်ကြောင်း ပြောကြားခဲ့ပြီး စွမ်းအင် ပြောင်းလဲမှုမှတစ်ဆင့် ရာသီဥတု မူလသဘာဝ အတိုင်းရောက်ရှိရေး ရည်မှန်းချက်ကို အကောင် အထည်ဖော်ဖို့ ရှေ့တိုးလုပ်ဆောင်သွားမှာဖြစ်ရာ ရေတိုဘေးဒုက္ခတွေကို ထောက်ပံ့ဖို့ အီးယူအစီအစဉ် ကို အကောင်းဆုံးအသုံးချဖို့ကိုလည်း တိုက်တွန်း ပြောကြားလိုက်သလို အီးယူကုမ္ပဏီတွေကိုလည်း ထောက်ပံ့ဖို့ ပြောကြားလိုက်ပါတယ်။
ဘေးကင်းလုံခြုံတဲ့ထောက်ပံ့မှုတွေ
လုပ်ဆောင်ဖို့တိုက်တွန်း
အီးယူခေါင်းဆောင်တွေဟာ ရာသီဥတု မူလ သဘာဝအတိုင်းဖြစ်ဖို့ ပြောင်းလဲရာမှာ ပြည့်ပြည့်ဝဝ ထောက်ပံ့မှုတွေလုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ပြီး ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ်ကို စွမ်းအင်ကူးပြောင်း မှုမှာ ဘယ်လိုမျိုး ရင်းနှီးမြှုပ်နှံမှုတွေအရှိန်အဟုန် မြှင့်လုပ်ဆောင်ဖို့လိုကြောင်းကို စစ်ဆေးဖို့ တိုက်တွန်း ခဲ့ပါသေးတယ်။
နိုင်ငံတကာ စွမ်းအင်အေဂျင်စီ အမှုဆောင် ညွှန်ကြားရေးမှူး ဖာတစ်ဘိုင်ရိုက မကြာသေးမီက ကမ္ဘာလုံးဆိုင်ရာ ဓာတ်ငွေ့ဈေးတွေ မြင့်တက်လာ ခြင်းဟာ အကြောင်းအမျိုးမျိုးရဲ့ အကျိုးရလဒ် ဖြစ်တယ်လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။ ဒါဟာ သန့်ရှင်းတဲ့ စွမ်းအင်ကူးပြောင်းမှုရဲ့ တာဝန်တွေကို ချမှတ်ဖော်ဆောင်တဲ့နေရာမှာ တိကျမှုမရှိဘဲ အထင် အမြင်မှားစေနိုင်တယ်လို့ သူကပြောပါတယ်။
အီးယူနဲ့ ပိုလန်ကြား တရားရေးပဋိပက္ခ
အစည်းအဝေးမှာ အီးယူခေါင်းဆောင်တွေဟာ ပိုလန်ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီး အီးယူ နဲ့ ပိုလန်ကြား ပဋိပက္ခဖြစ်ပွားနိုင်မှုကို စိုးရိမ်ပူပန် ကြောင်း ဖော်ပြခဲ့ပါတယ်။
ပိုလန်ဝန်ကြီးချုပ် Mateusz Morawiecki က အဲဒီကိစ္စကို ကာကွယ်ပြောကြားခဲ့ပြီး ပိုလန်ဟာ အီးယူရဲ့ ဥပဒေတွေ၊ စည်းမျဉ်းတွေနဲ့ မူဝါဒတွေကို ဆက်လက်လိုက်နာသွားမယ်ဆိုပြီး ကတိပြုခဲ့ပါ တယ်။
ဥရောပပါလီမန်က ဆုံးဖြတ်ချက်တစ်ခုကို မကြာသေးမီက ချမှတ်ခဲ့ပါတယ်။ အဲဒီဆုံးဖြတ် ချက်မှာ စည်းမျဉ်း၊ သဘောတူညီချက်တွေကို ထိပါးချိုးဖောက်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ ပိုလန်ကို စုံစမ်းစစ်ဆေးဖို့ ဥရောပကော်မရှင်နဲ့ ဥရောပကောင်စီကို တိုက်တွန်းကြောင်း ပါဝင်ပါ တယ်။ ပိုလန်ခုံသမာဓိအဖွဲ့က ဥရောပရဲ့ သဘော တူညီချက်တွေဟာ ပိုလန်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သဟဇာတမဖြစ်ဘူးလို့ ပြောကြားလိုက်တာဟာ တရားမဝင်ဘဲ ယှဉ်ပြိုင်စမ်းသပ်လိုက်ခြင်းသာ ဖြစ် ကြောင်း အဲဒီဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။
အတူတကွပြန်လည်ဆွေးနွေး
မာကယ်ကတော့ ဖြစ်နိုင်တဲ့အခွင့်အလမ်းတွေနဲ့ နည်းလမ်းတွေရှာပြီး အတူတကွပြန်လည်ဆွေးနွေးဖို့ ပြောကြားခဲ့သလို အဲဒီပဋိပက္ခကို ဖြေရှင်းဖို့ အီးယူ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ပိုလန်နိုင်ငံကြား ပွင့်လင်းတဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့လည်း တိုက်တွန်း ခဲ့ပါတယ်။ ညှိနှိုင်းဆွေးနွေးမှုမရှိဘဲ တရားရေးဆိုင်ရာ အငြင်းပွားမှုတွေဟာ ဥရောပတရားရုံးရှေ့မှောက်ရောက်သွားတယ်ဆိုတာ ပြဿနာရဲ့ အကောင်းဆုံး အဖြေမဟုတ်သေးဘူးလို့လည်း ပြောပါတယ်။
ပိုလန် ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ချဲ့ကားဖော်ပြထားတဲ့ တရားရေးဆိုင်ရာ လွတ်လပ် မှုအပေါ် စိုးရိမ်ကြောင်း ဥရောပကော်မရှင်က ဖော်ပြခဲ့ပါတယ်။ ကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါ လီယန်က အဓိက မေးခွန်းကတော့ ပိုလန်နိုင်ငံရဲ့ တရားရေးလွတ်လပ်မှုပဲဖြစ်တယ်လို့ အီးယူအစည်း အဝေးမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ တရားရေးဆိုင်ရာ အငြင်းပွားမှုကို အကောင်းဆုံး ညှိနှိုင်းဖြေရှင်းဖို့ ခေါင်းဆောင်အတော်များများက တိုက်တွန်းထားပါတယ်။
ကား- ဆင်ဟွာ