အိန္ဒိယဆေးရုံမီးလောင်မှု၌ မွေးကင်းစကလေး လေးဦးသေဆုံးပြီး ၃၆ ဦး ကယ်တင်နိုင်ခဲ့

နယူးဒေလီ နိုဝင်ဘာ ၉


အိန္ဒိယနိုင်ငံအလယ်ပိုင်း မာဒယာပရာဒေ့ရှ်ပြည်နယ် ၏  မြို့တော်ဘိုပါလ်မြို့ရှိ   အစိုးရဆေးရုံတစ်ရုံ၌ ယမန်နေ့ညက    မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် မွေးကင်းစကလေးငယ်လေးဦး  သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ယနေ့ပြောကြားသည်။


အဆိုပါမီးလောင်မှုသည် မြို့တော်ဘိုပါလ်မြို့ရှိ ကာမာလာနေရူး ကလေးဆေးရုံ၏  အထူးမွေးခန်း တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။   ဝိုင်ယာရှော့ ကြောင့် ဖြစ်ပွားသည်ဟု ယူဆရသော အဆိုပါမီးလောင် မှုတွင် မွေးကင်းစကလေးငယ်လေးဦး သေဆုံးပြီး ကျန်ကလေးများကို      အခြားအဆောင်များသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း ဆေးပညာဆိုင်ရာဝန်ကြီး ဗီရှာဗားစ်ဆာရန်က   မီဒီယာများသို့ ပြောကြား  သည်။


ဆေးရုံ၏ သုံးလွှာမြောက်တွင်ရှိသော အဆိုပါ ကလေးအထူးမွေးခန်း         မီးလောင်မှုဖြစ်ပွားစဉ် မွေးခန်းအတွင်း၌     မွေးကင်းစကလေး ၄၀ ရှိ ကြောင်း ဝန်ကြီးက ထပ်မံပြောကြားသည်။


တစ်ချိန်တည်းမှာပင် မာဒယာပရာဒေ့ရှ်ပြည်နယ်ဝန်ကြီးချုပ်     ရှစ်ဗ်ရာ့ဂျ်ဆင်းချောင်ဟန်က မီးလောင်မှုကြောင့် ကလေးငယ်များသေဆုံးမှုနှင့် ပတ်သက်၍ ဝမ်းနည်းကြေကွဲရပါကြောင်း ပြောကြား ပြီး  မီးလောင်မှုနှင့်ပတ်သက်၍   စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်     တာဝန်ရှိသူများအား     ညွှန်ကြားခဲ့ 
သည်။ 


ထို့အပြင် ဒေသဆိုင်ရာအစိုးရသည် မီးလောင်မှု တွင် သေဆုံးသွားသည့်ကလေးငယ်များ၏ မိသားစု တစ်စုချင်းစီကို  နစ်နာကြေးအဖြစ်    အမေရိကန် ဒေါ်လာ ၅၄၀၂ စီ   ပံ့ပိုးပေးမည်ဖြစ်ကြောင်း  သိရ သည်။


ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - ဂျေတီ