
နယူးဒေလီ စက်တင်ဘာ ၂၁
အိန္ဒိယနိုင်ငံသည် ရပ်နားထားခဲ့ရသည့် ကိုဗစ်- ၁၉ ကာကွယ်ဆေးတင်ပို့မှုကို ယခုလနှောင်း ပိုင်းတွင် ပြန်လည်စတင်တော့မည်ဟု သိရ သည်။ ဧပြီလအတွင်း အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုများ စံချိန်တင်များပြားခဲ့ ပြီးနောက် ပြည်ပသို့ ကာကွယ်ဆေးတင်ပို့မှု ကို ရပ်နားထားခဲ့ရသည်။
အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ကာကွယ်ဆေးထုတ်လုပ်မှု အကြီးဆုံးဖြစ်ခဲ့ပြီး ပြည်တွင်း၌ ထုတ်လုပ်သည့် အက်စ်ထရာ ဇနီကာ ကာကွယ်ဆေးကို ပြည်ပနိုင်ငံများသို့ အကြီးအကျယ် တင်ပို့နိုင်ခဲ့သည်။ မေလ အစောပိုင်းတွင် အိန္ဒိယနိုင်ငံ၌ နေ့စဉ်ကိုဗစ်- ၁၉ ကူးစက်ခံရသူအရေအတွက်မှာ ၄၀၀၀၀၀ ကျော် ရှိသည်။ သို့သော်လည်း မကြာသေးမီ အတွင်း နေ့စဉ်ကူးစက်မှုမှာ ၃၀၀၀၀ အထိ ကျဆင်းလာခဲ့သည်။
အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ကိုဗစ်-၁၉ ကာကွယ်ဆေး ပြည်ပသို့တင်ပို့ခြင်း များ ပြုလုပ်သွားမည်ဟု ကျန်းမာရေးဝန်ကြီး မန်ဆာ့ခ်မန်ဒါဗီရာက စက်တင်ဘာ ၂၀ ရက် တွင် ပြောသည်။ လာမည့်လအတွင်း တိုင်းပြည် အတွင်း လစဉ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်နိုင်မှုမှာ အလုံးရေသန်း ၃၀၀ အထိ ရှိလာမည်ဟု ၎င်းက ဆက်ပြောသည်။
အိန္ဒိယနိုင်ငံ၏ ပြည်ပသို့ ကာကွယ်ဆေး တင်ပို့မှု ရပ်နားထားခြင်းကြောင့် တစ်ကမ္ဘာ လုံးအနှံ့ ကာကွယ်ဆေးထိုးပေးမှုလုပ်ငန်းများ တွင် အနှောင့်အယှက် အဟန့်အတားများ ဖြစ်ပေါ်ခဲ့ရသည်။
ပထမနှစ်ဝက်ကာလအတွင်း ကိုဗက်အစီ အစဉ်မှ ထောက်ပံ့ပေးသောကာကွယ်ဆေး ၇၀ ရာခိုင်နှုန်းကို အိန္ဒိယတွင် ထုတ်လုပ်သည့် ကာကွယ်ဆေးများဖြင့် ထောက်ပံ့ပေးရန် ရည် ရွယ်ခဲ့သည်။
ကာကွယ်ဆေး ပြည်ပသို့ ပြန်လည်တင် ပို့မည့် ကိစ္စနှင့်ပတ်သက်ပြီး အိန္ဒိယအစိုးရ အနေဖြင့် အသေးစိတ်အချက်အလက်များ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
မည်သည့်အချိန်တွင် တင်ပို့မှုပြန်လည် စတင်မည်နှင့် အရေအတွက်ဘယ်လောက် များများကို တင်ပို့မည်ကိုအတိအကျ ပြောကြား ခဲ့ခြင်း မရှိပေ။
အင်န်အိတ်ချ်ကေ