အိန္ဒိယနိုင်ငံ ဒေလီမြို့၌ ကိုဗစ်ကန့်သတ်ချက်များနောက်ထပ်ဖြေလျှော့မှုများ ပြုလုပ်

 

နယူးဒေလီ ဇူလိုင် ၂၅


အိန္ဒိယနိုင်ငံ ဒေလီမြို့ အာဏာပိုင် များသည်  ဇူလိုင်  ၂၄  ရက်က မြို့တော်အနီးတစ်ဝိုက်တွင် ကိုဗစ်- ၁၉    ကန့်သတ်ချက်အချို့ကို ဖြေလျှော့မှုများပြုလုပ်ရန် ခွင့်ပြု ပေးခဲ့သည်ဟု သိရသည်။ ဇူလိုင် ၂၆ ရက်မှစတင်ကာ  ရထားပြေး ဆွဲမှုနှင့် ဘတ်စ်ကားပြေးဆွဲမှုတို့တွင်လူဦးရေအပြည့် တင်ဆောင် ခွင့်ပေးတော့မည်ဖြစ်ပြီး ရုပ်ရှင်ရုံ များကို လူဦးရေ တစ်ဝက်ဝင်ခွင့် ပေးခြင်းဖြင့်   ပြန်လည်လည်ပတ် ခွင့်ပေးမည်ဟု  သိရသည်။
ဒေလီမြို့ သဘာဝဘေး စီမံ ခန့်ခွဲမှု       အာဏာပိုင်အဖွဲ့က ထုတ်ထားသော       အမိန့်အရ ဘားများကို မွန်းလွဲပိုင်းမှ  ည ၁၀ နာရီအထိ  လူဦးရေတစ်ဝက်သာ ဝန်ဆောင်မှုပေးခြင်းဖြင့် ပြန်လည် ဖွင့်လှစ်ခွင့်ပေးမည်ဖြစ်သည်။ 
ဆိုင်များ       အားလုံးကိုလည်း  နံနက် ၁၀နာရီမှ ည ၈ နာရီအထိ တစ်ပြေးညီ       ဖွင့်လှစ်ခွင့်ပေးမည် ဖြစ်သည်။ မင်္ဂလာဆောင်များနှင့် အသုဘများတွင်   လူစုလူဝေးပြု လုပ်ခွင့်ကို ယခင် ၅၀ သတ်မှတ် ထားရာမှ ၁၀၀ အထိ တိုးမြှင့်လိုက် ကြောင်း သိရသည်။ 
ဒေလီမြို့တွင်    ကိုဗစ် - ၁၉ ကြောင့် သေဆုံးမှုနှင့် နောက်ထပ် ကူးစက်မှု     လျော့ကျလာသည့် အတွက် ယခုလိုဖြေလျှော့မှုများ ပြုလုပ်ပေးခြင်း    ဖြစ်သည်ဟု သဘာဝဘေးစီမံခန့်ခွဲမှု အာဏာ ပိုင်အဖွဲ့က ပြောသည်။ 
ဇူလိုင် ၂၃ ရက်တွင် ဒေလီမြို့ ၌ ကိုဗစ် - ၁၉ ကူးစက်ခံရသူ ၅၈ ဦး တွေ့ရှိခဲ့ပြီး သေဆုံးသူတစ်ဦးရှိခဲ့ သည်ဟု သိရသည်။          

ဆင်ဟွာ