အိန္ဒိယနိုင်ငံ ဥတ္တရာခန်းပြည်နယ်တွင် ရေကြီးမှုကြောင့် ငါးဦးသေဆုံး

 

 

နယူးဒေလီ  အောက်တိုဘာ  ၁၉


ပြီးခဲ့သည့်ရက်ပိုင်းအတွင်း   အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတ္တရာခန်းပြည်နယ် တောင်ကုန်း ဒေသတွင်  မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် ရေကြီးမှုများဖြစ်ပေါ်ခဲ့ရာ အဆိုပါအခြေအနေ နှင့်ပတ်သက်ပြီး ဥတ္တရာခန်းပြည်နယ်ဝန်ကြီး ချုပ် ပွတ်ရှ်ခါဆင်းဒါမီနှင့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီတို့ အောက်တိုဘာ ၁၉ ရက်တွင် ဖုန်းဖြင့်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၄ နာရီအတွင်း  ပြည်နယ် အတွင်း လူငါးဦးထက်မနည်း သေဆုံးခဲ့ရသည် ဟု မီဒီယာများတွင် ဖော်ပြကြသည်။ ပြည်နယ် နေရာအစိတ်အပိုင်း တော်တော်များများတွင် လမ်းများနှင့် အဝေးပြေးလမ်းများ ပြတ်တောက် နေဆဲဖြစ်သည်။ ဥတ္တရာခန်းပြည်နယ်အပြင် အိန္ဒိယနိုင်ငံတောင်ပိုင်း    ကီရာလာပြည်နယ် တွင်လည်း  ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရေကြီး မှုကြောင့်     လူသေဆုံးမှုများ   ဖြစ်ပေါ်ခဲ့သည်။ ကီရာလာပြည်နယ်တွင်   ရေကြီးမှုကြောင့် ၂၅ ဦးထက်မနည်းသေဆုံးခဲ့ရသည်ဟု မီဒီယာများ တွင်  ဖော်ပြကြသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း    ရေကြီးမှု ကြောင့် လူ့အသက်ဆုံးရှုံးမှုများ   ဖြစ်ပေါ်ခဲ့ရာ အီဒုကီ၊ ကော့တာရမ်နှင့်  အာနမ်ကူလမ် ခရိုင် တို့တွင် သတိပေးမှုအမြင့်ဆုံး    ပြုလုပ်ထား သည်။                                           ဆင်ဟွာ