အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်ရှိ ခေါက်ဆွဲစက်ရုံ၌ ဘွိုင်လာအိုး ပေါက်ကွဲမှုဖြစ်ပွား

တီဟီရန်   ဒီဇင်ဘာ   ၂၆


အီရန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက် အတွင်း     ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၉၆၇ ဦး  ထပ်မံ တွေ့ရှိခြင်းကြောင့်      အဆိုပါ ရောဂါ        ကူးစက်ခံရသူပေါင်း ၆၁၈၁၇၈၄  ဦး  ရှိလာကြောင်း အီရန်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။


ထို့ပြင် အီရန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၄၄ ဦး ထပ်မံတွေ့ရှိသဖြင့် အဆိုပါရောဂါ ဖြင့်   သေဆုံးသူပေါင်း ၁၃၁၃၀၆ ဦးရှိလာသည်။      အီရန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသဖြင့်    ဆေးရုံ အသီးသီးမှ ဆင်းခွင့်ရသူပေါင်း ၆၀၂၂၁၅၀       ရှိကြောင်းနှင့် အထူးကြပ်မတ်ကုသဆောင်များ ၌ ဆေးဝါးကုသမှုခံယူလျက်ရှိသူ ၂၇၉၆ ဦးရှိကြောင်း သိရသည်။


လက်ရှိတွင် အီရန်နိုင်ငံသား ၅၉၄၁၈၅၇၁ ဦးသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်ကြိမ်ထိုးနှံမှုခံယူပြီး   ဖြစ်ကြောင်းနှင့် ၅၀၉၈၅၃၉၇ ဦးသည် ကာကွယ် ဆေးနှစ်ကြိမ်    ထိုးနှံမှုခံယူပြီး ဖြစ်ကြောင်း သိရသည်။


ထို့ပြင်           အီရန်နိုင်ငံတွင် လူဦးရေ  ၅၁၈၈၈၃၆   ဦးသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  တတိယအကြိမ်    အပိုဆောင်း ထိုးနှံမှု   ခံယူပြီးဖြစ်ကြောင်းနှင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်မှ   စတင်ကာ လက်ရှိအချိန်အထိ     လူဦးရေ ၄၁၂၈၆၂၇၉ ဦးအား ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်း    ရှိ၊ မရှိ  စမ်းသပ်စစ်ဆေးပြီးဖြစ်ကြောင်း သိရသည်။      

ကိုးကား - ဆင်ဟွာ 
ဘာသာပြန် - အလင်းသစ်