အိန္ဒိယနိုင်ငံက တာဝေးပစ် တိုက်ချင်းပစ်ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်

နယူးဒေလီ   အောက်တိုဘာ   ၂၈ 


အိန္ဒိယနိုင်ငံက နျူကလီးယားလက်နက် သယ်ဆောင်နိုင်သည့်  တာဝေးပစ်   တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းကို   ဘင်္ဂလား ပင်လယ်အော်ရှိ ကမ်းရိုးတမ်းတစ်နေရာမှ ယမန်နေ့က စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း သိရသည်။ 


အဆိုပါဒုံးကျည်သည်  လောင်စာဆီသုံး အဆင့်သုံးဆင့် ပါရှိသည့် AGNI-V ဒုံးကျည်အမျိုးအစားဖြစ်ပြီး ကီလိုမီတာ ၅၀၀၀ အကွာအဝေးရှိ ပစ်မှတ်များကို တိကျစွာ ပစ်ခတ်နိုင်စွမ်း ရှိသည်။ 


အဆိုပါဒုံးကျည်အမျိုးအစားကို   ၂၀၁၈   ခုနှစ်တွင်လည်း စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း သိရသည်။ 


လာဒက်ရှ်ဒေသ၌  အိန္ဒိယနှင့် တရုတ်နှစ်နိုင်ငံအကြား နယ်မြေအငြင်းပွားမှုတွင် သဘောထားကွဲလွဲမှုများရှိနေစဉ် ယခု ဒုံးကျည်စမ်းသပ်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။ 


ထို့ပြင်  ယခုဒုံးကျည်စမ်းသပ်မှုသည်  အိန္ဒိယနိုင်ငံ၏ ကာကွယ်ရေးစနစ်သည်  ပိုမိုအင်အားတောင့်တင်းကြောင်း ပြသရာရောက်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။


ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- အောင်ကျော်ကျော်