အိန္ဒိယနိုင်ငံ၌ အိုမီခရွန် ကူးစက်ခံရသူ ၂၁ ဦးထိ ရှိလာ

 

 

နယူးဒေလီ ဒီဇင်ဘာ ၆
ကိုဗစ်-၁၉ မျိုးကွဲ အိုမီခရွန်ကူးစက်ခံရမှုမှာ အိန္ဒိယနိုင်ငံတွင် ယခင် ငါးဦးမှ ဒီဇင်ဘာ ၅ ရက်နံနက်ပိုင်းတွင် ၂၁ ဦး ရှိလာခဲ့သည်ဟု သိရသည်။ 
ရာဂျက်စတန်ပြည်နယ်  ဂျိုင်ပေါလ်တွင် အိုမီခရွန်ကူးစက်ခံရသူ ကိုးဦး တွေ့ရှိခဲ့ပြီး အနောက်တောင်ပိုင်း ပြည်နယ်ဖြစ်သည့် မဟာရက်ရှ်ထရာပြည်နယ်တွင်  ခုနစ်ဦး တွေ့ရှိခဲ့သည်။  ရာဂျက်စ်သန်ပြည်နယ်တွင် နောက်ထပ်နမူနာ ၃၄ ခုကို စစ်ဆေးကြည့်ရာ ၂၅ ဦးတွင် ကိုဗစ်-၁၉ ကူးစက်ခံထားရခြင်းမရှိကြောင်း တွေ့ရှိခဲ့သည်ဟု ရာဂျက်စသန်ကျန်းမာရေးဌာနက ပြောသည်။
ထိုစဉ်  တောင်ပိုင်းကာနာတာကာပြည်နယ်တွင် နှစ်ဦး၊ ဂူဂျာရတ်ပြည်နယ်တွင် တစ်ဦးနှင့် မဟာရက်ရှ် ထရာတွင် ရှစ်ဦး၊ ဒေလီမြို့တွင် တစ်ဦးတို့ ကူးစက်ခံထားရကြောင်း သိရသည်။                           ဆင်ဟွာ