အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၄၇၇၅၅၄ ဦးအထိရှိလာ

 

 

နယူးဒေလီ  ဒီဇင်ဘာ  ၂၀     
အိန္ဒိယနိုင်ငံ၌  လွန်ခဲ့သော ၂၄ နာရီ အတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွား သူ ၆၅၆၃ ဦးရှိလာသောကြောင့် ဒီဇင်ဘာ ၂၀ ရက်တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား သူပေါင်း ၃၄၇၄၆၈၃၈ ဦးအထိရှိလာခဲ့ ကြောင်း    ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်လိုက်သော အချက် အလက်များတွင် ဖော်ပြထားသည်။ 
ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ ၁၃၂  ဦးရှိလာမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့်  သေဆုံးသူ ၄၇၇၅၅၄ ဦး အထိရှိလာခဲ့သည်။       အိန္ဒိယနိုင်ငံ၌    လတ်တလော    ကိုဗစ်-၁၉   ကူးစက် ဖြစ်ပွားလျက်ရှိသူ ၈၂၂၆၇ ဦးရှိခဲ့သည်။    ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ     အရေ အတွက် ၅၇၂ ရက်အတွင်း  အနည်းဆုံး ဖြစ်ခဲ့သည်။ လွန်ခဲ့သော  ၂၄ နာရီက   ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပျောက် ကင်းသွားပြီး ဆေးရုံမှ ဆင်းလာသူ ၈၀၇၇ ဦးအပါအဝင်   စုစုပေါင်း ကိုဗစ်-၁၉ ကင်းစင်သွားသူ ၃၄၁၈၇၀၁၇  ဦးရှိလာပြီ ဖြစ်သည်။   လတ်တလော   ကိုဗစ်-၁၉ ကင်းစင်သွားသူ ၉၈ ဒသမ ၃၉ ရာခိုင် နှုန်းရှိပြီး အဆိုပါပမာဏသည် ၂၀၂၀ ခုနှစ် မတ်လမှစကာ  အမြင့်ဆုံး ပမာဏဖြစ် သည်။                      ဆင်ဟွာ