
နယူးဒေလီ သြဂုတ် ၂၆
အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၄၆၁၆၄ ဦး အပါအဝင် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်း ၃၂၅၅၈၅၃၀ အထိ ရှိလာကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန် လိုက်သော အချက်အလက်များ တွင် ဖော်ပြထားသည်။
ကိုဗစ်-၁၉ ကြောင့် ထပ်မံ သေဆုံးသူ ၆၀၇ ဦး ရှိလာမှုနှင့် အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄၃၆၃၆၅ ဦး အထိ ရှိလာခဲ့သည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ လွန်ခဲ့သော ရက်အတော်ကြာက ကျဆင်း ခဲ့ပြီးနောက် နေ့စဉ် ကိုဗစ်-၁၉ ကူးစက်မှုအရေအတွက် တိုးလာ သည်မှာ လွန်ခဲ့သည့်နှစ်ရက်ကျော် ကတည်းက ဖြစ်သည်။
လတ်တလော ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားလျက်ရှိသူ ၃၃၃၇၂၅ ဦးအထိ ရှိသည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ကောင်းမွန်လာပြီးဆေး ရုံမှ ဆင်းလာသူပေါင်း ၃၁၇၈၈၄၄၀ ရှိလာကြောင်းသိရသည်။
ဆင်ဟွာ