အိန္ဒိယနိုင်ငံ၌  ကိုဗစ်-၁၉ ကူးစက်သူ  ၃၃ သန်းကျော်ရှိလာ 


 

 

နယူးဒေလီ စက်တင်ဘာ ၇  


အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်သူ ၃၁၂၂၂ ဦး ရှိလာသောကြောင့် စက်တင်ဘာ ၇ ရက်က ကိုဗစ်-၁၉ ကူးစက်သူ ၃၃၀၅၈၈၄၃ ဦးအထိ ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်လိုက်သော အချက် အလက်များတွင် ဖော်ပြထားသည်။ 
ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ ၂၉၀ ရှိလာမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄၄၁၀၄၂ ဦးအထိ ရှိလာခဲ့သည်။ ကိုဗစ်-၁၉ ကူးစက်မှုနှင့် သေဆုံးမှု အများဆုံးမှာ အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်ဖြစ်သည်။ 
နိုင်ငံအတွင်း လတ်တလောကိုဗစ်-၁၉ ကူးစက်လျက်ရှိသူ ၃၉၂၈၆၄ ဦးအထိရှိလာ သည်။ ကိုဗစ်-၁၉ ကင်းစင်သွားသူပေါင်း ၃၂၂၂၄၉၃၇ ဦး ရှိလာပြီဖြစ်သည်။      ဆင်ဟွာ