
နယူးဒေလီ နိုဝင်ဘာ ၃၀
အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၆၉၉၀ ရှိလာ သောကြောင့် နိုဝင်ဘာ ၃၀ ရက်တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၃၄၅၈၇၈၂၂ ဦးအထိ ရှိလာ ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်လိုက်သော အချက်အလက်များတွင် ဖော်ပြ ထားသည်။
၂၄ နာရီအတွင်း အသစ်ထပ်မံကူးစက်သော ကိုဗစ်-၁၉ ဖြစ်ပွားသူသည် ၅၅၁ ရက်အတွင်း အနည်းဆုံးဖြစ်ခဲ့သည်။ ကိုဗစ်-၁၉ ကြောင့် ထပ်မံ သေဆုံးသူ ၁၉၀ ရှိလာမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄၆၈၉၈၀ အထိ ရှိလာခဲ့သည်။
နိုင်ငံအတွင်း လတ်တလောကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားလျက်ရှိသူ ၁၀၀၅၄၃ ဦး အထိရှိပြီး လွန်ခဲ့ သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်သူ ၃၃၁၆ ဦး လျော့နည်းလာခဲ့သည်။ ရက်ပေါင်း ၅၄၆ ရက်အတွင်း အိန္ဒိယ၏ လတ်တလော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ အရေအတွက် အနည်းဆုံး ဖြစ်သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပျောက်ကင်း သွားပြီး ဆေးရုံမှ ဆင်းလာသူ စုစုပေါင်း ၃၄၀၁၈၂၉၉ ဦးရှိလာပြီဖြစ်သည်။ အဆိုပါပမာဏအနက် လွန်ခဲ့ သော ၂၄ နာရီအတွင်း ဆေးရုံမှ ဆင်းလာသူ ၁၀၁၁၆ ဦးရှိသည်။ ဆင်ဟွာ