အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ဖြင့် ထပ်မံသေဆုံးသူ ၃၃၂ ဦးရှိ

 

 

နယူးဒေလီ   နိုဝင်ဘာ    ၉  


အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူ ၁၀၁၂၆ ဦး  ရှိလာသောကြောင့် နိုဝင်ဘာ   ၉  ရက်တွင်   ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၃၄၃၇၇၁၁၃ ဦးအထိရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်လိုက်သော အချက် အလက်များတွင် ဖော်ပြထားသည်။ 
ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ၃၃၂ ဦးရှိလာမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄၆၁၃၈၉ ဦးအထိရှိလာခဲ့သည်။ တစ်နေ့တည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှု အများဆုံး မှာ အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်ဖြစ်သည်။ 
နိုင်ငံအတွင်း   လတ်တလော   ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားလျက် ရှိသူ  ၁၄၀၆၃၈   ဦးအထိ   ရှိလာပြီး  လွန်ခဲ့သော  ၂၄  နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၁၈၈ ဦးကျဆင်းလျော့နည်းခဲ့သည်။ 
အိန္ဒိယနိုင်ငံ၏ ၂၆၃ ရက်အတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ အနည်းဆုံးဖြစ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။ 
ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားမှုမှ   ပျောက်ကင်းသွားပြီး ဆေးရုံမှ ဆင်းလာသူ စုစုပေါင်း ၃၃၇၇၅၀၈၆ ဦးရှိလာပြီဖြစ်သည်။ အဆိုပါပမာဏ အနက် လွန်ခဲ့သော ၂၄ နာရီအတွင်း ဆေးရုံမှ ဆင်းလာသူ ၁၁၉၈၂ ဦးရှိသည်။                                                                        ဆင်ဟွာ