အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၄ ဒသမ ၅ သန်းကျော် ရှိလာ

နယူးဒေလီ  နိုဝင်ဘာ  ၂၄ 


အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၉၂၈၃ ဦး ထပ်မံစစ်ဆေးတွေ့ရှိ ခဲ့ရာ နိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၃၄၅၃၅၇၆၃ ဦးအထိ မြင့်တက်လာကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးရကိန်းဂဏန်း များအရ သိရသည်။ 


၄၃၇ ဦး ထပ်မံသေဆုံး


အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့်   ၄၃၇ ဦး   ထပ်မံသေဆုံးခဲ့ရာ နိုင်ငံအတွင်း၌ အဆိုပါရောဂါကြောင့် သေဆုံးသူ ပေါင်း ၄၆၆၅၈၄ ဦး ရှိလာသည်။ 


လက်ရှိအချိန်အထိ ပိုးတွေ့ဆဲလူနာ ၁၁၁၄၈၁ ဦးရှိကြောင်း သိရသည်။ 
သို့သော် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ် လူနာ ၁၀၉၄၉ ဦး ရောဂါမှ ပြန်လည်ကျန်းမာလာသည့် အတွက်   ဆေးရုံများမှ   ပြန်လည်ဆင်းသွားခဲ့ရာ ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာသူ ပေါင်း ၃၃၉၅၇၆၉၈ ဦးရှိကြောင်း သိရသည်။ 


ကိုးကား- ဆင်ဟွာ
 ဘာသာပြန်- အောင်ကျော်ကျော်