
နယူးဒေလီ အောက်တိုဘာ ၁၀
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသူ ၁၈၁၆၆ ဦးရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၃၃၉၅၃၄၇၅ ဦးရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ရောဂါကူးစက်ခံရမှုအနိမ့်ဆုံးဖြစ်
အဆိုပါ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက်သည် လွန်ခဲ့သည့် ၂၁၄ ရက်တာကာလအတွင်း နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုအနိမ့်ဆုံးဖြစ်ကြောင်း အိန္ဒိယကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့်အချက်အလက်များအရ သိရသည်။
ထို့ပြင် အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၁၄ ဦးထပ်တိုးလာရာ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၄၅၀၅၈၉ ဦးရှိလာကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့် ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးမှုအများဆုံးမှာ ကီရာလာပြည်နယ်တောင်ပိုင်းဖြစ် ကြောင်းနှင့် လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ၁၀၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ၌ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲလူနာစုစုပေါင်း ၂၃၀၉၇၁ ဦးရှိကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၂၃၆၂၄ ဦးရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူစုစုပေါင်း ၃၃၂၇၁၉၁၅ ဦးရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြော ကြားသည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်