
နယူးဒေလီ နိုဝင်ဘာ ၈
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်- ၁၉ ရောဂါကူးစက်ခံရသူ ၁၁၄၅၁ ဦးရှိခြင်းကြောင့် လက်ရှိတွင် ကူးစက်ခံရသူပေါင်း ၃၄၃၆၆၉၈၇ ဦး ရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ထို့ပြင် အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၆၆ ဦး ထပ်တိုးလာခြင်းကြောင့် သေဆုံးသူပေါင်း ၄၆၁၀၅၇ ဦးရှိလာကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၌ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိဆဲ လူနာစုစုပေါင်း ၁၄၂၈၂၆ ဦးရှိကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၁၃၂၀၄ ဦးရှိခြင်း ကြောင့် ပြန်လည်ကျန်းမာလာသူပေါင်း ၃၃၇၆၃၁၀၄ ဦးရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်