အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၃၄ ဒသမ ၆၅ သန်းကျော် ရှိလာ

နယူးဒေလီ   ဒီဇင်ဘာ   ၈


အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၄၃၉ ဦး ရှိခြင်းကြောင့် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၃၄၆၅၆၈၂၂ ဦး ရှိလာကြောင်း   အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏  နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။


ထို့ပြင် လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၉၅ ဦး ထပ်တိုးလာခြင်းကြောင့်   ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၄၇၃၉၅၂   ဦး ရှိလာကြောင်း သိရသည်။


အိန္ဒိယနိုင်ငံ၌ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲလူနာ စုစုပေါင်း ၉၃၇၃၃ ဦး ရှိကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း   ကိုဗစ်-၁၉ ရောဂါမှ  ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၉၅၂၅ ဦးရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူစုစုပေါင်း  ၃၄၀၈၉၁၃၇ ဦးရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန က ပြောကြားသည်။                  

      ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - အလင်းသစ်