အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ သန်းတစ်ထောင်ထိုးနှံပေးမှု သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့

နယူးဒေလီ   အောက်တိုဘာ   ၂၁ 


အိန္ဒိယနိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး အလုံးရေ သန်းတစ်ထောင် (တစ်ဘီလီယံ) ထိုးနှံပေးမှု   သမိုင်းမှတ်တိုင်   စိုက်ထူနိုင်ခဲ့ပြီဖြစ် ကြောင်း သိရသည်။ 
အိန္ဒိယဝန်ကြီးချုပ် မိုဒီက   နယူးဒေလီမြို့ရှိ ဆေးရုံတစ်ရုံ၌ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံပြီး ၎င်းတို့၏ စွမ်းဆောင်ရည်များအပေါ် အသိအမှတ်ပြုပါကြောင်းနှင့် နိုင်ငံအတွက် ဂုဏ်ယူ ပါကြောင်း ချီးမွမ်းစကားဆိုသည်။ 


နိုင်ငံ၏ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းစဉ်ကို ယခုနှစ် ဇန်နဝါရီလတွင် စတင်ခဲ့သည်။ 
လက်ရှိတွင် အသက် ၁၈ နှစ်နှင့်အထက်ပြည်သူ ၃၀  ရာခိုင်နှုန်းကျော်သည်  ကာကွယ်ဆေးနှစ်ကြိမ် စလုံးထိုးနှံမှုခံယူပြီးဖြစ်ပြီး    ယင်းတို့အနက်    ၇၅ ရာခိုင်နှုန်းသည် ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံမှု ခံယူပြီးဖြစ်သည်။ 


မကြာမီအချိန်တွင် ကလေးငယ်များအား ကာကွယ် ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူ ၃၄ သန်းကျော်ရှိပြီး ရောဂါကူးစက်ပျံ့နှံ့လျက် ရှိသည့် ကမ္ဘာ့နိုင်ငံများအနက် အမေရိကန်နိုင်ငံပြီး နောက် ရောဂါကူးစက်မှုအရေအတွက် ဒုတိယအများ ဆုံးဖြစ်သည်။ ရောဂါကူးစက်မှုကြောင့် ပြည်သူ ၄၅၀၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရသည်။ နိုင်ငံအတွင်း ရောဂါကူးစက်မှုအခြေအနေသည် အောက်တိုဘာလ အစောပိုင်းမှစပြီး နေ့စဉ်ကူးစက်မှုအရေအတွက် ၂၀၀၀၀ အောက် လျော့နည်းလာလျက်ရှိသည်။ 


ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်