
နယူးဒေလီ ဒီဇင်ဘာ ၂၈
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူ ၆၃၅၈ ဦး ထပ်မံတွေ့ရှိခြင်း ကြောင့် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၃၄၇၉၉၆၉၁ ဦး ရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန ၏ နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များအရ သိရ သည်။
သေဆုံးသူ ၄၈၀၂၉၀ ရှိ
ထို့ပြင် အိန္ဒိယနိုင်ငံ၌ လွန်ခဲ့ သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၉၃ ဦး ထပ်တိုးလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၄၈၀၂၉၀ ရှိလာကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ၌ လက်ရှိ တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ ဆဲ လူနာစုစုပေါင်း ၇၅၄၅၆ ဦး ရှိကြောင်း အိန္ဒိယကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာ သဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့် ရရှိသူ ၆၄၅၀ ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာ သူစုစုပေါင်း ၃၄၂၄၃၉၄၅ ဦး ရှိလာ ကြောင်း အိန္ဒိယကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်
n