
နယူးဒေလီ အောက်တိုဘာ ၁၈
အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက် သူ ၁၃၅၉၆ ဦးရှိလာသောကြောင့် အောက်တိုဘာ ၁၈ ရက်တွင် ကိုဗစ်-၁၉ ကူးစက်သူပေါင်း ၃၄၀၈၁၃၁၅ ဦးအထိ ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်လိုက်သော အချက် အလက်များတွင် ဖော်ပြထားသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း မှတ်တမ်းတင်ခဲ့သော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအရေအတွက်သည် ရက်ပေါင်း ၂၃၀ အတွင်း အနည်း ဆုံးဖြစ်ခဲ့သည်။
ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ ၁၆၆ ဦးရှိလာမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄၅၂၂၉၀ အထိ ရှိလာခဲ့ သည်။
နိုင်ငံအတွင်း လတ်တလောကိုဗစ်-၁၉ ကူးစက်လျက်ရှိသူ ၁၈၉၆၉၄ ဦးအထိရှိပြီး လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်သူ ၆၁၅၂ ဦးအထိလျော့နည်းလာခဲ့သည်။
ကိုဗစ်-၁၉ ကူးစက်မှုမှ ပျောက်ကင်း၍ ဆေးရုံမှ ဆင်းလာသူ စုစုပေါင်း ၃၃၄၃၉၃၃၁ ဦးရှိလာပြီဖြစ်ပြီး လွန်ခဲ့သော ၂၄ နာရီအတွင်း ဆေးရုံမှ ဆင်းလာသူ ၁၉၅၈၂ ဦး ရှိ သည်။ ဆင်ဟွာ