အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနှုန်း အနည်းဆုံးဖြစ်

 

 

နယူးဒေလီ   အောက်တိုဘာ  ၁၁ 


အိန္ဒိယနိုင်ငံတွင်  လွန်ခဲ့သော  တစ်ရက် အတွင်း    ကိုဗစ်-၁၉    ထပ်မံကူးစက်သူ ၁၈၁၃၂ ဦး ရှိလာသောကြောင့် အောက် တိုဘာ ၁၁ ရက်တွင်  ကိုဗစ်-၁၉ ကူးစက် သူပေါင်း  ၃၃၉၇၁၆၀၇ ဦးအထိ  ရှိလာ ခဲ့ကြောင်း  ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်လိုက်သော အချက် အလက်များတွင် ဖော်ပြထားသည်။ 
တစ်နေ့အတွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားနှုန်းသည် လွန်ခဲ့သည့် ၂၁၅ ရက် အတွင်း      အနည်းဆုံးဖြစ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏    သတင်း ထုတ်ပြန်ချက်အရ သိရသည်။ 
ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံး သူ၁၉၃ ဦး  ရှိလာမှုနှင့်အတူ  စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄၅၀၇၈၂ဦး အထိ ရှိလာခဲ့သည်။ 
သေဆုံးသူများအနက်    ၈၅  ဦးမှာ အိန္ဒိယနိုင်ငံတောင်ပိုင်း     ကီရာလာ ပြည်နယ်မှဖြစ်ပြီး အဆိုပါပြည်နယ်သည် အိန္ဒိယနိုင်ငံတွင်    ကိုဗစ်-၁၉  ကူးစက် သေဆုံးမှုအများဆုံးဖြစ်သည်။ အနောက် တောင်ပိုင်းပြည်နယ်ဖြစ်သည့်    မဟာ ရက်ရှ်တရာပြည်နယ်တွင်   ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၉ ဦး ရှိခဲ့သည်။  
နိုင်ငံအတွင်း လတ်တလော ကိုဗစ်-၁၉ ကူးစက်လျက်ရှိသူ ၂၂၇၃၄၇ ဦးအထိ ရှိပြီး လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်သူ ၃၆၂၄ ဦးအထိ လျော့နည်း လာခဲ့သည်။ 
ကိုဗစ်-၁၉ ကူးစက်မှုမှ ပျောက်ကင်း သွားပြီး ဆေးရုံမှ ဆင်းလာသူ စုစုပေါင်း ၃၃၂၉၃၄၇၈  ဦး     ရှိလာပြီဖြစ်သည်။ အဆိုပါပမာဏအနက်      လွန်ခဲ့သော ၂၄ နာရီအတွင်း    ဆေးရုံမှ   ဆင်းလာသူ ၂၁၅၆၃ ဦးရှိသည်။  
ဆင်ဟွာ