
နယူးဒေလီ စက်တင်ဘာ ၁၄
အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်သူ ၂၅၄၀၄ ဦး ရှိလာသောကြောင့် စက်တင်ဘာ ၁၄ ရက်က ကိုဗစ်-၁၉ ကူးစက်ဖြစ်သူပေါင်း ၃၃၂၈၉၅၇၉ ဦးအထိ ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်လိုက်သော အချက်အလက်များတွင် ဖော်ပြထားသည်။
ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ ၃၃၉ ဦး ရှိလာမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄၄၃၂၁၃ ဦးအထိ ရှိလာခဲ့သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှု အများဆုံးမှာ အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာ ပြည်နယ်ဖြစ်သည်။ နိုင်ငံအတွင်း လတ်တလော ကိုဗစ်-၁၉ ကူးစက်လျက်ရှိသူ ၃၆၂၂၀၇ ဦးအထိ ရှိလာပြီး လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်သူ ၁၂၀၆၂ ဦးအထိ လျော့နည်းလာခဲ့သည်။ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပျောက်ကင်းသွားပြီး ဆေးရုံမှ ဆင်းလာသူ စုစုပေါင်း ၃၂၄၈၄၁၅၉ ဦး ရှိပြီဖြစ်သည်။ အဆိုပါပမာဏအနက် လွန်ခဲ့သော ၂၄ နာရီအတွင်း ဆေးရုံမှ ဆင်းလာသူ ၃၇၁၂၇ ဦး ရှိသည်။
ဆင်ဟွာ