
နယူးဒေလီ ဩဂုတ် ၃၀
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၂၉၀၉ ဦးရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၃၂၇၃၇၉၃၉ ဦးရှိလာကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
ထို့ပြင် အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃၈၀ ရှိခြင်းကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၄၃၈၂၁၀ ရှိလာကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှင့် သေဆုံးမှုအများဆုံးမှာ ကီရာလာပြည်နယ်မှ ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိဆဲလူနာစုစုပေါင်း ၃၇၆၃၂၄ ဦးရှိကြောင်းနှင့် လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာ သဖြင့် ဆေးရုံအသီးသီးမှဆင်းခွင့်ရရှိသူ ၃၄၇၆၃ ဦး ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာ လာသူစုစုပေါင်း ၃၁၉၂၃၄၀၅ ဦးရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်- အလင်းသစ်